Unicode
*အဆုံးသတ် တိုက်ပွဲပြီးနောက်*
နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ။စစ်မက်ဖြစ်ပွါးခြင်းတွေ၊တိမ်မည်းကြီးလို သူတို့ကို ရိပ်မိုးနေသော အသောမတတ် ကြောက်လန့်ရခြင်းတွေ၊အားလုံး ပြီးဆုံးသွားခဲ့ပြီ။ကျောင်းခန်းမအတွင်း ဖြတ်လျှောက်လာရင်း၊သေရေးရှင်ရေး ဆုံးဖြတ်ချက်တွေကို အစဉ်တစိုက် ချမှတ်နေခဲ့ရသည့်အဖြစ်မှ စိတ်လိုလက်ရ နားအေးပါးအေးနေနိုင်သွားသောအဖြစ်သို့ သိသိသာသာ ရွေ့လျှောခြားနားသွားမှုကို ဟယ်ရီ ခံစားရ၏။
သူ့ သူငယ်ချင်းတွေ၊သူနှင့် သိသူတွေ၊မသိသူတွေ ဖြည်းဖြည်းချင်း တပ်ခေါက်စုဝေးနေရာသို့ ရောက်လာသည်နှင့်အမျှ သူ့နားထဲမှာ အသားမကျဘဲ ဆူနေခဲ့သည်။ပျော်စရာ ပြန်လည်ဆုံစည်းမှုတွေ။မဒမ် ပွန်ဖရေးက သူ့ဆေးတောင်ဝှေးကို မြှောက်ကာမြှောက်ကာဖြင့် အလုပ်ရှုပ်နေခဲ့သည်။မျက်ရည်တွေ။သူတို့ အများစု။သူ့စိတ်ခံစားချက်တွေ ယာယီ ထုံအနေမှုက ထာဝရတည်နေမည် မဟုတ်သလို သွေးပျက်ဖွယ် အနှီညအတွင်း ဆုံးရှုံးရမှုများစွာကို အနှေးနှင့် အမြန် ရင်ဆိုင်ရမည်ကို သိသောကြောင့် ပူဆွေးနေကြသော ကဝေထီး၊ကဝေမများအား ဟယ်ရီ တစ်ကိုယ်ကောင်းဆန်စွာ ကျောခိုင်းခဲ့၏။
မသိလိုက်ပါဘဲ၊သူ့မျက်လုံးတွေက ကျောင်းခန်းမကို ထိတ်ထိတ်ပျာပျာ စစ်ဆေးနေမိ၏။ သူ သည်မှာ ရှိနေရမည်လေ။အရာအားလုံးကို နိဂုံးချုပ်ဖို့ တားမြစ်တောအုပ်ထဲ သူ ဝင်မသွားမီ သူတို့ တွန့်ဆုတ်တွန့်ဆုတ် နှုတ်ဆက်ခဲ့ကြပြီးကတည်းက ဒရေကို့ကို သူ မမြင်ရသေး။သူ မြင်တော့ မြင်ခဲ့လိုက်သေးသည်။ဟယ်ရီ သူ့ကိုယ်ထဲမှာ မတွေ့ရသည့် ရဲရဲတောက် စိတ်ခွန်အားဖြင့် ဒရေကိုက တိုက်ပွဲဝင်နေခဲ့သည်။သူလုပ်ချင်တာဟူ၍ ငဂျီငဂျစ် သူ့ကောင်လေးကို တွေ့အောင်ရှာပြီး ထာဝရ၏ လက်ကျန်အချိန်တစ်ခုလုံး သူ့ဘေးမှာ ခေါ်ထားခြင်းသာ ရှိသည်။ယင်းသို့ ဖြစ်လာရန် ဟာမိုင်အိုနီ့အား သူတို့ကို မှော်ပညာဖြင့် နှစ်ကိုယ့်တစ်စိတ်ဖြစ်အောင် လုပ်ခိုင်းရမည်ဆိုလျှင်တောင်မှပဲ။
"ဟယ်ရီ"
သူ့ရင်အုံနှင့် တစ်စုံတစ်ရာ ထိခတ်မသွားမီ အကျွမ်းတဝင်ရှိသော အော်ခေါ်သံကို ကြားခဲ့ရသည်။ဟာမိုင်အိုနီ့ အပွေ့အဖက်ကို ခံယူရင်း သူ့လက်မောင်းတွေက ဟာမိုင်အိုနီ့ကို ချက်ချင်းပဲ ရစ်သိုင်းသွားကြ၏။
ВЫ ЧИТАЕТЕ
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Фанфикшн✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...
