{ဟယ်ရီ ပေါ်တာက ဇာတ်အိမ်အကြီးကြီးမို့လို့ ပြောစရာတွေက များပါတယ်။နောက်တစ်ပိုင်းဖတ်ရင်း ပိုနားလည်ရအောင် လိုအပ်တဲ့ note တချို့ကို ရေးထားတာပါ။ရေးတယ်ဆိုတာ harrypotter.fandom.com က ဆောင်းပါးတွေကို ကောက်နုတ်ဘာသာပြန်ထားတာပါ။reader တွေဘက်က လိုအပ်တာ ရှိရင် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပါ၊ကျွန်တော် အဆင်ပြေပါတယ်။တကယ်ကတော့ ဟယ်ရီ ပေါ်တာ ဇာတ်အိမ်တစ်ခုလုံးရဲ့ factsတွေကို J.K.Rowling ရဲ့ မူရင်း အခန်းဆက် novels တွေ၊ film series တွေထဲမှာတောင် အကုန်ထည့်မပြောနိုင်ပါဘူး။အခု ကျွန်တော် ဘာသာပြန်နေတဲ့ novel ကလည်း မပြောနိုင်ပါဘူး။ဒါကြောင့် ကျွန်တော် လိုအပ်သလောက်တော့ noteရေးသွားမှာပါ။
ထိုးဖောက်ဝင်ရောက်မှု(infiltration)က မှော်ဝန်ကြီး ဌာနထဲ ခိုးဝင်ကြတဲ့ သဘောပါပဲ။ဟယ်ရီပေါ်တာ novels ထဲမှာ အခုလိုဖောက်ထွင်းမှုက တစ်ခါတည်းမဟုတ်ပါဘူး။နေရာလည်း မတူပါဘူး။အခု ပြောပြမယ့် ဖောက်ထွင်းမှုက နောက်တစ်ပိုင်းလာမယ့် ဖောက်ထွင်းမှုရဲ့ အကြောင်းပါ။နောက်ထပ်က ဝန်ကြီး ဌာနထဲက ရုပ်တုတွေ အကြောင်းနဲ့ ၊knockturn alley အကြောင်းပါ။နာမည်တွေ မှတ်ရခက်ရင် ဖြည်းဖြည်းချင်းဖတ်ပါနော်။ပုံတွေ၊ရှင်းလင်းချက်တွေ တတ်နိုင်သလောက် ထည့်ထားပါတယ်။သဘောမပေါက်ခဲ့ရင် မေးဖို့ ဝန်မလေးပါနဲ့။ပြီးတော့ အခန်းဆက် novelsနဲ့ film series နဲ့က မတူတဲ့ နေရာ မတူပါဘူး။ပုံတွေကို website နဲ့ pinterest က ယူထားတာပါ။}
(ဖောက်ထွင်းခြင်း)
* ဒုတိယ မှော်လောကစစ်ပွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်။
* ရက်စွဲ -(၁၉၉၇)ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ့။
* နေရာ -ဗြိတိသျှ မှော်ဝန်ကြီးဌာန ဌာနချုပ်၊ဝိုက်ဟော(Whitehall)လမ်း၊လန်ဒန်၊အင်္ဂလန်။ [ဝိုက်ဟောလမ်းသည် လန်ဒန်မြို့လယ်ခေါင် Westminster အရပ် ရှိလမ်းတစ်လမ်းဖြစ်သည်။ဝိုက်ဟောလမ်းသည် မက်ဂယ်(မှော်မဲ့)အစိုးရ၏ အမျိုးမျိုးသော ရုံးဌာနများ နှင့် ဝန်ကြီးဌာနများ တည်ရှိရာ နေရာဖြစ်သည်။ဝိုက်ဟောတွင် ဗြိတိသျှ မှော်ဝန်ကြီးဌာနသို့ ဝင်ရောက်သည့် ဝင်ပေါက်များလည်း ရှိသည်။ဝန်ထမ်းများ၏ ဝင်ပေါက်က မြေအောက်ရှိ အများသုံး အိမ်သာခန်းတစ်တွဲမှာ ဖြစ်ပြီး ဧည့်သည်များ၏ ဝင်ပေါက်က တယ်လီဖုန်းရုံတစ်ရုံ အတွင်းမှာရှိသည်။]
ESTÁS LEYENDO
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Fanfic✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...