Unicode
(၁၀)နှစ်အကြာ...
"ဦးခေါင်းခွံ အက်မှု အလယ်အလတ်အဆင့်၊နံရိုး ကျိုးထားတယ်၊အဆုတ် ပျက်စီးသွားနိုင်ခြေ(possible lung collapse)ရှိတယ်၊လက်မောင်းနေရာတွေ၊ရင်ဘတ်နဲ့ လည်ပင်းမှာ မီးလောင်ဒဏ်ရာတွေ ရထားတယ်"
"Vitals အခြေအနေရော"
"ကိုယ်အပူချိန်ကျနေတယ်၊hypothermia (အပူချိန် အလွန်အမင်းကျဆင်းခြင်း)ရနိုင်တယ်။နှလုံးခုန်နှုန်း နည်းနေတယ်၊ခုန်တော့ ခုန်နေတုန်းပဲ။တစ်မိနစ်ကို အကြိမ်နှစ်ဆယ်နှုန်းပဲ ရှိတယ်။အသက်ရှူနှုန်းနဲ့ သွေးဖိအား နှစ်ခုလုံး ကျနေတယ်"
"ကောင်းပြီ၊ကျေးဇူးပဲ ခန်။တွမ်ဆန်၊ကား၊နဲ့ ဂျပ်ဖရီတို့ကိုပါ ဆေးဝါးကုသရေးဌာနကို ခေါ်ထားပါ။မြန်မြန်လေး"
"ဟုတ်ကဲ့၊သမားတော်"
ကလစ်ဘော့တ်တစ်ခုကို တင်းတင်း ဆုပ်ထားပြီး ဆရာဝန်မလေး ထွက်သွားသည်။အနောက်မှာ ခရမ်းရောင် ဝတ်ရုံက တလွင့်လွင့် ခတ်လျက်။ဆေးဝါးကုသရေးဌာနသို့ ဒရေကို လှည့်ထွက်လာခဲ့သည်။တံခါးက ပွင့်လျက်သား၊ဆရာဝန်နှင့် သမားတော်တွေ လူးလားခေါက်တုံ့ ဝင်ထွက်နေသည်ကို မြင်လိုက်ရ၍ ဒရေကို မျက်မှောင်ကြုတ်မိသွားသည်။တံခါးအပြင်မှာ ဝတ်ရုံနီနှင့် မှော်ဆရာတစ်သင်း စုရပ်နေ၏။မှော်တရားရေး အရေးပိုင်တွေဟု ဒရေကို ချက်ချင်း နားလည်လိုက်၏။
ရင်းနှီးနေသော အနီရောင်ဆံပင်သိုက်ကို မြင်လိုက်ရချိန်မှာ ဒရေကို ရပ်မိလု ဖြစ်သွား၏။ကံကောင်းထောက်မပြီး ရွန်ဝီစလေက ခေါင်းငိုက်ကာ မျက်နှာကို လက်တွေနှင့် အုပ်ထားသည်။ဒရေကို့ မျက်လုံးတွေက အခြား မှော်တရားရေး အရေးပိုင်တွေကို မြန်မြန်ဝေ့ဝဲပြီး....ရှာကြည့်..
"ဒရေကို မြန်မြန်၊ငါတို့ လူနာကို အသက်လုရဦးမယ်"
ဒရေကို့နာမည်ကို အကြားမှာ ရွန် ဆတ်ခနဲ ခေါင်းမတ်သွားသည်။သို့ပေမဲ့ ထိုအချိန်မှာ မှော်ဆေးသမားတော်က လူရှုပ်နေသော အခန်းထဲ သုတ်သုတ် ဝင်သွားခဲ့ပြီး ဖြစ်၏။တစ်ကြိမ်မက တွန်းတွန်းတိုက်တိုက် အလုပ်ခံနေရသည့်ကြားက တစ်ယောက်တည်း အတွေးပွါးလျက် ဒရေကို အခန်းထဲ ဝင်ရောက်သွားခဲ့သည်။ခုတင်နှင့် နီးလာတော့ အဆိုးဝါးဆုံး သူ့ထင်ကြေးတွေ အတည်ပြုပေးခံလိုက်ရ၏။အုပ်စုထဲက အထင်ရှားဆုံး အုပ်စုဝင်မပါဘဲ ရွန် ဝီစလေနှင့် သူ့ အရေးပိုင်တွေကိုမြင်လိုက်ရပြီးကတည်းက ပေါ်ထွက်လာသော ထင်ကြေးတွေ။
ВЫ ЧИТАЕТЕ
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Фанфикшн✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...
