အပိုင်း ၁၊ ​မျှော်မှန်းမထား​​​သော ​ပြန်ဆုံစည်းမှု

1.6K 167 20
                                        

Unicode

နောက်တစ်နေ့ မွန်းလွဲပိုင်းမှာ ယောက်ျားလေးနှစ်ယောက်နှင့် တိတ်တိတ်ပုန်းလက်ထပ်ထားပြီး တစ်ယောက်၏ ကိုယ်ဝန်ကိုလွယ်ကာ ကျန်တစ်ယောက်နှင့် အတူနေနေသည့် မိန်းကလေးတစ်ယောက်အကြောင်း ချာတူးလန် ဘဝသရုပ်ဖော်ပြဇာတ်ကို ဟယ်ရီ ကြည့်နေခဲ့သည်။

သူ ပျင်းနေခဲ့သည်။အနှီ အဖြစ်အပျက်ကလေး အပြီးမှာ သူ ဒရေကိုနှင့် စကားပြောချင်နေခဲ့သော်လည်း ဒရေကိုက အခန်းထဲ ပိတ်နေပြီး ကျန်တစ်နေ့လုံး ဘာတွေလုပ်မှန်းမသိ အချိန်ဖြုန်းနေခဲ့သည်။

အဖြစ်အပျက်​တွေကို ပြန်စမ်းစစ်နိုင်ဖို့​တော့ သေချာသွားသည်။သူ ဘာတွေဖြစ်နေခဲ့တာလဲ။ဒရေကိုနှင့် စကားပြောဖြစ်တိုင်း၊ဒရေကိုက သူ့ကို ပြုံးပြလိုက်တိုင်း၊ဒါမှမဟုတ် တစ်ယောက်မျက်ဝန်းထဲ တစ်ယောက် နစ်မွန်းခြင်းဟူသော ကြောင်တောင်တောင် ကိစ္စတစ်ခုကို ပြုလုပ်သည့်အခါ ရင်ဘတ်ထဲက တလှပ်လှပ်ခုန်​ပေါက်ခြင်း၊ချွေးစိုလာသည့် လက်ဖဝါးတွေ၊သောက်တစ်ချိန်လုံး ဒရေကို့အနားမှာပဲ ရှိနေချင်မိသည့် ဆန္ဒ။

တကယ်တော့ ချို့ကို သေးသေးလေး crush နေခဲ့တုန်းကနှင့် ဂျင်းနီနှင့် အတူ ကုန်ဆုံးခဲ့သည့် အချိန်တွေတုန်းက ထိုခံစားချက်တွေနှင့် သူရင်းနှီးခဲ့သည်။ဟယ်ရီက မှော်ဆေးရည်ဘာသာရပ်မှာ ထိပ်ဆုံးက ရှိမနေဦးတော့ အခု သူဘာတွေဖြစ်နေသလဲ မသိနိုင်လောက်သည်အထိတော့ မအသေးပါ။

သူ ဒ​ရေကို မာလ်ဖွိုင်းအပေါ်မှာ ခံစားချက်တွေ ရှိနေခဲ့သည်။ပြီးတော့ ရင်းနှီးသည့် ခံစားချက်မျှသာမဟုတ်။ဒါပေါ့။ခံစားချက် ရှိနေနိုင်သည်ပဲ။သူက တကယ်တော့ hormones တွေနှင့် သာမန်ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ကိုး။သူ့ကောင်မလေးက အနားမှာရှိမနေလို့၊ပြီးတော့ သူနှင့် အတူနေနေသည့် အခြားတစ်ဦးတည်းသော လူကလည်း ဆွဲဆောင်မှုရှိကာ ထက်မြက်သည်ဟု သူဝန်ခံသော ကောင်လေးတစ်ယောက်ဖြစ်နေလို့ သူ့စိတ်တွေကို မထိန်းသိမ်းနိုင်ဖြစ်သွားခြင်း ဖြစ်၏။

အနှီခံစားချက်တွေက hormones တွေ ကြောင့်သက်သက်ပဲ။သူသာ ဂျင်းနီနှင့် အတူပြန်ရှိသည့်အခါ ကိစ္စတွေက ပုံမှန်ပြန်ဖြစ်သွားလိမ့်မည်။ဟုတ်သည်။အနှီကာလအလွန်မှာ သူနှင့် ဒရေကိုက သူငယ်ချင်းတွေ ဆက်ဖြစ်နေကြဦးမည်သာ။ပြီးတော့ ထိုခံစားချက်တွေကလည်း ပျောက်ကွယ်သွားလိမ့်မည်။အရာအားလုံး အဆင်ပြေနေပြီပဲ။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Tempat cerita menjadi hidup. Temukan sekarang