Unicode
နောက်မှီမြင့် ထိုင်ခုံမှာ ဒရေကို ထိုင်နေခဲ့၏။မှင်သေသေကောင်လေး၊အရင်က မာလ်ဖွိုင်းမျက်နှာဖုံးက နေရာမှာ ပြန်ရောက်လာသည်။သည်အချိန်၊သည်အခိုက်အတန့်သည် သူ့ဘဝ၏ ကံကြမ္မာ အဆုံးအဖြတ်ခံယူရမည့်အချိန်ဖြစ်၏။သူ့အဒေါ်က သူ့အနောက်မှာရပ်လျက်၊ခြိမ်းမောင်းနေသော ရုပ်သွင်က မဟော်ဂနီသား စားပွဲပေါ် အရိပ်ထင်နေခဲ့သည်။အဒေါ် ဘဲလ်လထရစ်က "စိတ်ဓာတ်ရေးရာ အားပေးမှု" အတွက် သူနှင့်အတူ ရှိနေမည်ဖြစ်ကြောင်း ဒရေကို့အမေက မျက်ရည်တွေသိမ်းရင်း သူ့ကို ပြောပြခဲ့ပြီးဖြစ်သည်။ထိုအရာက အချည်းနှီး သောက်ရေးမပါတာ သက်သက်မှန်း ဒရေကို သိသည်။သည်တဒင်္ဂမှာ သူ နောက်ဆုံးသော ရှိုက်သက်တွေ ရှူနေရနိုင်ကြောင်းလည်း သူသိခဲ့၏။
မာလ်ဖွိုင်းစံအိမ် စားသောက်ခန်းအတွင်းသို့ တစ်စုံတစ်ယောက်ဝင်ရောက်လာသည်ဟု အချက်ပြသော တံခါးသံ ကျွီခနဲ ကြောင့် သူ ကတုန်ကယင် အသက်ရှိုက်လိုက်မိ၏။မထီသည့် အနေနှင့် မျက်နှာကို ချီပြီး တုန်ယင်နေသော လက်တွေကို စားပွဲအောက်မှာ ဒရေကို ဖွက်ထားလိုက်သည်။သူ့အဒေါ်က ခြေ နောက်ဆုတ် ကာ မသိရသော ဧည့်သည်ကို ဦးညွတ်၍ ဂါရဝပြုသည်ကို သူ သိလိုက်သည်။တံခါးက ချောက်ချားဖွယ် ချက်ခနဲ ပိတ်ကျသွား၏။
"အရှင်၊ ကြာခဲ့ပါပြီ"
တိုးတိုး ပြောပြီး ဘဲလ်လထရစ်က မှော်နက်သခင်၏ ပိန်ရှည်ရှည်၊ မြွေသဏ္ဌာန်ရှိသည့် လက်ကို ယူကာ နှုတ်ခမ်းနှင့် ဖိကပ်နမ်းလိုက်၏။စက်ဆုပ်မှုကြောင့် ဒရေကို တွန့်သွား၏။ဒါ သိပ် မှား လွန်းနေပြီ။သူ့မိသားစုက ဘာကြောင့်များ ဤအရိုင်းအစိုင်း သတ္တဝါကို ပထမနေရာမှာထားပြီး အားပေးထောက်ခံနေသလဲ သူ သိကိုမသိတော့။ဒရေကို့ခုံနောက်သို့ အမှောင်သခင်လျှောက်လာသည့်အလျောက် ဝတ်ရုံခတ်သံတွေ သူကြားခဲ့၏။တောင့်နေသော သူ့ပုခုံးတွေပေါ် တိရစ္ဆာန်ခြေလက်နှင့်တူသည့် လက်ချောင်းတွေ ကျရောက်လာသောအခါ အကြောက်လွန်ပြီး အသံမထွက်မိအောင် ဒရေကို ထိန်းနေခဲ့ရသည်။
"ငါရဲ့ ဒရေကိုလေး၊အလာပသလ္လာပတွေကို ဒီအတိုင်း ကျော်သွားလိုက်ကြမလား။ငါ ဒီရောက်လာတဲ့ ရည်ရွယ်ချက်ကို မင်းကို ပြောပြကြပြီသားလို့ ငါ ယူဆတယ်"
ESTÁS LEYENDO
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Fanfic✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...