အပိုင်း ၁၊ မရိုးသား​သော စီမံကိန်း

790 93 0
                                    

Unicode

ရက်သတ္တပတ်တွေ ကြာပြီးနောက်၊ ချောက်ကမ်းပါးအခြေ ကမ်းစပ်ကို ပြေးတိုက်နေသည့် လှိုင်းလုံးသံတွေကြောင့် ဒရေကို နိုးလာခဲ့၏။ကယ်တင်ခြင်း၏ ကနဦး ကသီလင်တ နိုင်မှု၊ ဒေါ်ဘီ သေဆုံးခြင်းနှင့် ဒရေကို့ မှတ်ဥာဏ်တွေကို ပြန်လည်ရရှိခြင်းတို့ အပြီး အချိန်တစ်ခုကြာ သူ ငတ်မွတ်နေရသည့် လှပသော တစ်ကိုယ်တည်းအဖြစ် ကို ခံစားဖို့ ဟယ်ရီနှင့် အခြားသူတွေကို ဒရေကို တီးတိုး အခွင့်တောင်းခဲ့သည်။စံအိမ်မှာဆိုလျှင် သူက သူပါဟူ၍ ဘယ်တုန်းကမှ တကယ် မခံစားခဲ့ရ။သူ့အခန်းထဲက ဆိတ်ငြိမ်သော လွတ်လပ်မှုထဲ ရှိနေချိန်မှာတောင် စောင့်ကြည့်ခံနေရကြောင်း သူ အမြဲ သိနေခဲ့၏။

စံအိမ်မှာ နေစဉ်အတွင်း အထီးကျန်ဆန်မှုက ဗလာကျင်းနေသည့် သူ့နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေသည့်တိုင် တစ်ယောက်တည်း တကယ် လွှတ်ထားခံရဖို့ ဒရေကို မျှော်လင့်ခဲ့၏။သူ တစ်ခုခု လစ်ဟာနေသလို အမြဲတစေ ခံစားနေခဲ့ရ၏။နာကျင်မှုက အတောမသတ်သည်က လွဲပြီး သူ့မှတ်ဥာဏ်တွေ အခိုးယူခံရသည်ကို သိလျက်၊ထို မှတ်ဥာဏ်တွေကို တောင့်တလျက်၊သို့တိုင်အောင် ထိုမှတ်ဥာဏ်တွေကို ဘယ်သောအခါမှ ပြန်မရတော့မည်ကို သိလျက် သူ့ခြေလက်တွေထဲက တစ်ချောင်းကို ဖြတ်တောက်ပြီး သူ့ကို အဲသည်မှာ ပစ်သွားခဲ့သလို ခံစားခဲ့ရ၏။အပေါ့ပါးဆုံး ဖော့ပြောရလျှင်ပင် မချိမဆံ ခံစားရ၏။သည်အခုမတိုင်ခင်အထိ ဟယ်ရီနှင့် တွေ့ဆုံရခြင်း၊သူ့မှတ်ဥာဏ်တွေကို ပြန်ရခြင်းဟူသည့် မဖြစ်နိုင်ဖို့ပဲ ကောင်းခဲ့သော ကိစ္စတစ်ခု၊အားလုံးက အိပ်မက်တစ်ခုလို ရှိ၏။သူ့ကိုယ်သူ စုစည်းဖို့နှင့် တစ်စိတ်တစ်ပိုင်းအားဖြင့်၊ ဒါတွေက အမှန်စင်စစ် ဖြစ်ပျက်နေခြင်းဖြစ်ကြောင်း၊သူ့စိတ်က ဖန်ဆင်းထားသည့် နာကျင်စရာ ပုံရိပ်လွှာတွေမဟုတ်ကြောင်း သူ့စိတ်ကို နားသွင်းဖို့ ထိုအရာအားလုံးအား ခဏတဖြုတ်ရှောင်ဖယ်နေရန် ဒရေကို ဆုံးဖြတ်ခဲ့၏။

နာရီတွေချီအောင် ချောက်ကမ်းပါးစွန်းမှာ ဒရေကို တစ်လျှောက်လုံး ထိုင်နေခဲ့ပြီး ဘယ်သူမှ သူ့ နောက်လိုက်မလာသည့်အခါ အတော် အံ့ဩသွားရ၏။ဒါပေါ့၊သူ ဘယ်သူ့ကိုမှ လိုက်လာစေချင်လို့ မဟုတ်ပါ။တစ်ခါတရံ လူတွေက သူတို့ကိုယ်ပိုင် နေရာလပ်လေးတစ်ခု လိုအပ်ရုံပါပဲ။တိမ်းခို နားနေနိုင်သော သူတို့ အပိုင် ပူဖောင်းလေးတစ်လုံး။တစ်ခါတလေ ကမ္ဘာပေါ်မှာ သူတို့ အချစ်ဆုံးလူတောင် ကူညီနိုင်သည် မဟုတ်ဘဲ အချိန်အနည်းငယ်ကို သူတို့အတွက် သူတို့ဘာသာ ကုန်ဆုံးခြင်းကပင် အံ့ဩဖွယ်တွေကို ဆောင်ကြဉ်းပေး၏။ထိုသဘောကို ဒရေကို ခပ်မြန်မြန်ပဲ သဘောပေါက်သွားကာ အခြားသူတွေသည်လည်း သူ ဘာကို လိုအပ်နေသည်ကို နားလည်ကြသည်ဟု သိလိုက်၏။သူတို့လည်းပဲ လိုအပ်နေသည့် အရာ။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Hikayelerin yaşadığı yer. Şimdi keşfedin