အပိုင်း ၁၊ အခမ်းနားဆုံး လက်​ဆောင်

1.2K 162 21
                                    

Unicode

ထိုနေ့ နေ့လယ်ခင်း နောက်ပိုင်း ဒရေကို ထမင်းစားခန်းသို့ ဆင်းလာသည့်အခါ သူ့ ဝမ်းထဲက ပူပူနွေးနွေး ဝိုးတဝါး ခံစားချက်တစ်ခု အသားကျသွားသည်ဟု ဟယ်ရီ ခံစားရသည်။အလွန် ကောင်းသည်။သူ တွေးလိုက်၏။နောက်ဆုံးတွင် ရိုးတိုးရွတ ခံစားချက်တွေ ပျောက်ကွယ်သွားပြီး အခု ထိုခံစားချက်သာ ကျန်ရှိတော့သည်။အပြီးသတ်တွင် ဟယ်ရီသည် ဒရေ့ကိုအပေါ်ရှိ သူ့ခံစားချက်တွေကို လက်သင့်ခံလိုက်ပြီ။

ဟုတ်သည်၊ထိုခံစားချက်တွေကို ဒရေကို့ဘက်က တုံ့ပြန်လာနိုင်သည် ဟုရော ၊ဟုတ်သည်၊ဒရေကိုကလည်း သူ့အပေါ် သူ့လိုပင် အမှန်တကယ် ခံစားနေရသည်ဟု ပါ သူလက်ခံလိုက်သည်။ဟာမိုင်အိုနီက သူ့ခံစားချက်တွေနှင့် ထိုခံစားချက်တွေကို သူ လက်ခံသင့်ပုံ အကြောင်းအားလုံးကို ဟောပြောပို့ချက်တစ်ခု ပေးခဲ့သည်။နားထောင်ရသလောက်တော့ အခုလို လက်ခံလိုက်ခြင်းက ထိုခံစားချက်တွေ ပျောက်ပြယ်သွားဖို့ ပထမဦးဆုံး အဆင့်ဖြစ်သည်။ထို သောက်ကျိုးနည်း မရိုးမရွဖြစ်ခြင်းနှင့် ယီးတီးယားတား ခံစားချက်တွေသာ ပျောက်မည်ဆိုလျှင် ဟာမိုင်အိုနီမှာ ဘယ်လို လျှို့ဝှက်ဗျူဟာတွေရှိနေပါစေ ဟယ်ရီက လိုက်နာဖို့သာ ရှိသည်။

"ဟယ်ရီ၊ဒီကိစ္စကို နင်လက်သင့် မခံချင်မှန်း ငါသိပါတယ်။ဒါပေမဲ့ ဒါက ဖြစ်နေပြီလေ။တကယ်တော့ ငါကလည်း ဒီကိစ္စက နင် ဖိအားတွေများနေပြီး hormones တွေကြောင့်လား၊ဒါမှမဟုတ် အစစ်အမှန်လားဆိုတာ မသိဘူးရယ်"

ဟာမိုင်အိုနီ ထိုသို့ပြောသည့်အခါ ဟယ်ရီ မျက်နှာပြောင်ပြလိုက်သည်။ဟာမိုင်အိုနီက သူ့ကို ဒေါကန်ကန်နှင့် စူးခနဲ ပြန်ကြည့်၏။

"ဘာလိုပဲဖြစ်ဖြစ် ဒီကိစ္စက အစစ်အမှန် ဖြစ်နိုင်တယ်လို့ ငါ ပြောနေတာ။နင်လည်း မသိဘူး၊ဟယ်ရီ။ဒါပေမဲ့ နင် အခွင့်အရေး ပေးကြည့်သင့်တယ်။ဗိုဒါမို့ကို ဆန့်ကျင်ဖို့ နင့်ရဲ့ အကြီးမားဆုံးလက်နက်က အချစ်ဆိုတာ နင် ကောင်းကောင်း သိနေတာပဲ"

ဟာမိုင်အိုနီက ပြောကာ သူ့ ဒူးပေါ် လက်တစ်ဖက်တင်လိုက်ခြင်းက ရွန့်ကို မျက်မှောင်ကြုတ်သွားစေသည်။ရွန်က ဟာမိုင်အိုနီ့ အပေါ်မှာ ခံစားချက်တွေ ရှိနေမှန်း ဟယ်ရီသိသည်။အခု လတ်တလော အတွင်းမှာပင်ဖြစ်သည်။ဟာမိုင်အိုနီက ရွန့်ကို ငယ်ကျိုးငယ်နာတွေအားသိလျက်နှင့် တစ်လျှောက်လုံး crush လာခြင်းနှင့် ထို့ကြောင့်ပဲ ရွန်နှင့် လာဗင်ဒါတို့ တွဲနေတုန်းက ဆိုးဆိုးဝါးဝါး သဝန်တိုခြင်းအားလည်း ဟယ်ရီ သိသည်။ဒါပေမဲ့ ဘယ်တော့မှ သူတို့နှစ်ယောက်လုံး တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်တွေ ရှိနေသည်ဟု နားလည်လာပြီး တွဲကြမလဲတော့ သူမသိပါ။ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဘယ်လောက်ပဲ တစ်ကိုယ်ကောင်းဆန်နေဦးတော့ သူ ရွန်နှင့် ဟာမိုင်အိုနီအား တကယ် မတွဲကြစေလိုမိ။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Where stories live. Discover now