အပိုင်း ၁၊ အိပ်မက်မက်ခြင်း

894 108 5
                                        

Unicod

ရယ်သံကြောင့် ဒရေကို နိုးလာခဲ့သည်။မျက်လုံးဖွင့်ဖို့ ဆန္ဒ လုံးဝမရှိဘဲ၊သူ ရှိနေရာ နေရာမှာ နှစ်ခြိုက်ကျေနပ်၍ ကုံလုံနွေးထွေးလျက်က ဒရေကို ပြုံးလိုက်ပြီး သူ့နောက်က နွေးထွေးခြင်း ရင်းမြစ်ဆီ ပိုနီးကပ်အောင် တိုးသွားသည်။သူ စံအိမ်ထဲက သူ့အိပ်ရာပေါ်မှာ မဟုတ်သည်ကို ဘာကြောင့်မှန်းမသိ ဒရေကို သိနေခဲ့၏။ဒါပေမဲ့ ထူးထူးဆန်းဆန်း၊ သူ စိုးထိတ်မနေခဲ့။ပြစ်ချက်ကင်းလွန်းပြီး ကျေနပ်ဖွယ်အတိ ခံစားရသဖြင့်၊ဒါက အိပ်မက်တစ်ခုဖြစ်လိမ့်မည်ဟု ဒရေကို ထင်လိုက်သည်။လွန်သွားပြီးသည့် မနီးမဝေးကအချိန်တွေထဲ သည်လို ကျေနပ်စရာ ဘာတစ်ခုမှ မရှိခဲ့ပဲ။

သန်မာသည့် လက်တစ်ဖက်က သူ့ခါးကို ကာကွယ်ထွေးဖက်လိုက်သည်နှင့် ရယ်သံလွင်လွင် ထွက်ပေါ်လာရာက ပိုကျယ်လာသည်ကို သူ သိလိုက်သည်။ထိုခဏ၌ ကြီးမားသည့် အရာဝတ္ထုနှစ်ခုက ခုတင်ပေါ် ခုန်တက်လာပြီး ဒရေကိုနှင့်၊ သူ့ကို နွေးထွေးစေသော သူ့နောက်မှ လူသားအပေါ်သို့ ဆူဆူညံညံ ကုပ်တွယ်တက်လာသည်။နောက်ဆုံးတော့ မဖြစ်မနေ မျက်လုံးဖွင့်ရတော့မည်ကို ဒရေကို သိပြီး လေးပင်နေသော မျက်ခွံတွေကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီးနောက် ကမ္ဘာအသစ်ကို ကြည့်လိုက်ရ၏။သူ အလွန်ရင်းနှီးနေသည့် မြသားရောင်ပြေး အစိမ်းရောင် မျက်ဝန်းတစ်စုံက သူ့ကို ပြန်ကြည့်လာသည်။မျက်လုံးတွေ၏ ပိုင်ရှင်က အသက် ငါးနှစ်ခြောက်နှစ်ထက် ပိုကြီးပုံမရသည့် ကလေးငယ် တစ်ယောက်။ကောင်ငယ်လေး၏ ခေါင်းပေါ်မှာ ရှုပ်ပွနေသည့် ပိတုန်းရောင် ဆံပင်တစ်သိုက်နှင့်။သူ ဒရေကို့ကို ပြုံးပြလာသည်။သွားကျိုးအပြုံးဖီးလေးက ဒရေကို့ နှလုံးသားကို ချက်ချင်းပင် အရည်ပျော်သွားစေ၏။

"ပါး ၊ ပါး ၊ ပါး။ပါပါး နိုးလာပြီ။သားတို့ အခု ပန်းခြံသွားတော့မှာလားဟင်"

ဒရေကို့ ပေါင်ခွင်ပေါ်က တစ်ယောက်ထက် အသက်ပိုကြီးပုံရသည့် အခြားကောင်လေးတစ်ယောက်က မေးသည်။အနှီကောင်လေးမှာတော့၊ မှန်ကြည့်ချိန်တိုင်း ဒရေကို စိုက်ကြည့်တတ်သည့် မျက်လုံးများနှင့် အလွန်တူသည့် မီးခိုးရောင်မျက်လုံးလှလှလေးတွေ ရှိသည်။သူ့ဆံပင်ကလည်း အဖြူရောင်ဖျော့၊သို့ပေမဲ့ လုံးဝဥဿုံ သပ်ရပ်ကြော့ရှင်းနေတတ်သည့် ဒရေကို့ ဆံပင်ပုံစံနှင့် ဆန့်ကျင်လျက် ထိုကောင်လေး၏ ဆံပင်က ကြွက်သိုက်ဖြစ်နေသည်။သူက ဒရေကို့ဘေးမှာ လှဲအိပ်နေခဲ့သည့် တစ်စုံတစ်ယောက်၏ ပေါင်ခွင်ပေါ် ထိုင်နေ၏။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Место, где живут истории. Откройте их для себя