အပိုင်း ၁၊ ​မေ့မိမှား

750 113 1
                                    

Unicode

နာကျင်မှု။မှောင်မိုက်ခြင်း။အခြားသော သက်ရှိ အစစ်အမှန်တွေထက် ထိုအရာများက ဟယ်ရီ့ကို ဦးစွာ ဆီးကြိုကြ၏။သူ ညည်းညူပြီး ခေါင်းထောင်ဖို့ ကြိုးစား၏။သို့ပေမဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက လှုပ်ရှားမှုကို အာခံသည်ဖြစ်၍ ပြန်ပြီး လဲကျသွားသည်။တိတ်ဆိတ်နေခဲ့သည်။တိတ်လွန်း၍ နားမခံသာချင်စရာ။သူ့နံဘေးသို့ ဦးတည်လာနေသည့် လှုပ်ရှားမှုကို ဟယ်ရီကြားရသည်။အလျင်လိုနေသည့် တီးတိုးစကားသံနှင့် ခြေသံများက သူ့ထံသို့ ချဉ်းကပ်လာကြသည်။ညည်းတွားကာ ခေါင်းကို ဘေးစောင်းလိုက်သည်နှင့် ရုတ်တရက်ကြီး မူးခနဲ မိုက်ခနဲ ဖြစ်သွား၏။

"ရွန်၊သူ နိုးလာပြီ"

မိန်းကလေးတစ်ယောက်၏ အသံက စိတ်လှုပ်ရှားစွာ ခေါ်ပြောသည်။တစ်စုံတစ်ယောက် သူ့ဘေးမှာ ဒူးထောက်ချကာ ရွှဲနေသည့် သူ့ဆံပင်နက်တွေကို ချွေးစိုနေသည့် နဖူးပေါ်မှ သပ်တင် ပေးလိုက်ဟု ဟယ်ရီ သိလိုက်သည်။အေးမြသည့် ဖလန်နယ်စ တစ်ထည် သူ့နှဖူးပေါ် အတင်ခံလိုက်ရသည်။စိတ်ပြေလျော့သွားကာ ဟယ်ရီ သက်ပြင်းချလိုက်၏။နောက်ထပ်တစ်ယောက်က အခြားတစ်ဖက်မှာ ဒူးထောက်၍ ခပ်နွေးနွေး အမွေးပွစောင်နှင့် ဟယ်ရီ့ကို ခြုံပေးသည်။

"ဟျောင့်၊ငါတို့လေ။ငါတို့ အဆင်ပြေတယ်"

အသံတိုးတိုးက အနားကပ်ပြော၍ အလျင်ကြားရသည့်အသံကတော့ တိတ်တဆိတ် ရှိုက်ငိုနေ၏။လေးနေသည့် မျက်ခွံတွေကို ဟယ်ရီဖွင့်သည်။ဘေးပတ်ဝန်ကျင်နှင့် အရာဝတ္ထုတချို့ ပြတ်ထင်လာဖို့ အမြင်အာရုံကို စုစည်းရင်း မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်၏။

ဟာမိုင်အိုနီ နှင့် ရွန်က ဟယ်ရီ့ဘေး တစ်ဖက်တစ်ချက်မှာ ထိုင်နေကြသည်။ဟာမိုင်အိုနီက မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလျက်။ရွန်က အချစ်ဆုံး သူငယ်ချင်း၏ မျက်နှာပေါ် ရှိနေတတ်သည်အား ဟယ်ရီ သဘောကျသည့် တည်တည်တင်းတင်း အမူအရာနှင့်။အားပေးဖို့ ကြိုးစားပြုံးလိုက်ပေမဲ့ နာကျင်၍ မျက်နာမဲ့လိုက်ခြင်းနှင့် ပိုတူသွားသည်ဟု သူထင်မိသည်။

ဟာမိုင်အိုနီက တစ်ချက် ပင့်သက်ရှိုက်ငိုလိုက်ပြီး ဟယ်ရီ့ကို အသက်ရှူကျပ်စေမတတ် ပွေ့ဖက်လာသည်။ဟယ်ရီက လျော့ရိလျော့ရဲ ပြန်ဖက်၏။လုံးဝ ရုတ်တရက်ကြီး ဘာလို့ ဟာလာဟင်းလင်း ခံစားလိုက်ရသလဲ မသိ။ရွန်က သူ့ကျောကို ပုတ်လိုက်ပြီး မာန်နှင့် ထန်နှင့် ယောက်ျားတစ်ယောက်၏ မျက်နှာဖုံးကို ပြန်စွပ်လိုက်ပေမဲ့ သူ့မျက်လုံးတွေထဲ မျက်ရည်တွေ ဝဲနေသည်အား ဟယ်ရီ တွေ့ရသည်။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Donde viven las historias. Descúbrelo ahora