Unicode
သူငယ်ချင်းတွေနှင့် ပွေ့ဖက်နေသော ဟယ်ရီ့ကို စောင့်ကြည့်ရင်း စလေသရင်းစားပွဲအစွန်မှာ ဒရေကို ထိုင်နေခဲ့၏။အလွယ်တကူ ထရပ်လိုက်ပြီး ထိုနေရာက ပျော်စရာ အသိုက်အဝန်းငယ်လေးမှာ ဒရေကို ပါဝင်လိုက်နိုင်ပါသည်။သို့ပေမဲ့ သူ မလုပ်ခဲ့။သူဆိုတာ ဘယ်သူလဲ။ဝင်ပြီး နှောင့်ယှက်လိုက်ရဦးမလို့လား။အစကတည်းက ဟယ်ရီ့ထံပါးသို့ သူ ယူဆောင်လာသည်များက ပူပင်သောကတွေသာ။သူ့တို့မှာ အခိုက်အတန့်ကလေးတွေ(moments)ရှိခဲ့ပါသည်။သူတို့ ချစ်ခဲ့ကြလောက်ပါသည်။
သို့ပေမဲ့ ဒရေကို အဲဒီလောက် မညံ့။သူတို့အသက်ကို လိုက်လံရန်ရှာနေသော ဂယောင်ချောက်ချား မှော်နက် ကဝေ၏ အန္တရာယ်မရှိတော့သဖြင့် အချိန်ကျလျှင် ဟယ်ရီက တခြားကို လိုချင်ပါလိမ့်မည်။ပိုသော တစ်စုံတစ်ခု။ဒရေကို သူ့ကို မပေးနိုင်သည့် အရာတွေ။ဟယ်ရီက ပျော်စရာ ဇာတ်သိမ်းကို ရသင့်၏။သူ့ အနေအထားနှင့် လိုက်ဖက်ညီမည့် ချစ်စဖွယ် အမိုက်စား ဇနီးတစ်ယောက်၊စည်းရိုးတိုင်ဖြူကလေးများနှင့် ပြစ်ချက်ကင်း အိမ်တစ်လုံး၊ပြီးတော့ ကလေး နှစ်ယောက်ခွဲနှင့်၊ ထိုဘဝလေးကို ပြီးပြည့်စုံစေမည့် မှော်ဝင်ကြောင်ကလေး(Kneazle) တစ်ကောင်ဖြင့် သူ့ဇာတ်လမ်းက အဆုံးသတ်သည်။ဟယ်ရီ၏ စိတ်ကူးယဉ်ချင်စရာကောင်းသော ဇာတ်သိမ်းထဲမှာ ဒရေကို့အတွက် နေရာမရှိ။ဟယ်ရီနှင့် အမှန်တကယ် သက်ဆိုင်သည့် မိသားစုနှင့်မဟုတ်ဘဲ ဟယ်ရီ့ သူငယ်ချင်းများနှင့်သာ ဟယ်ရီ့ကို မြင်ရခြင်းက ဒရေကို့ကို ထိုအခြင်းအရာအား လက်တွေ့ နားလည်သွားစေခဲ့၏။
ဒရေကို သူ့အမေဘက် လှည့်လိုက်၏။သူ့မျက်ဝန်းများနှင့် များစွာတူညီသည့် မိုးခိုးရောင် မျက်ဝန်းနက်များဖြင့် အမေက သူ့ကို ကြည့်လာသည်။အမေ့မျက်ဝန်းတွေထဲ စာနာခြင်းတွေ ပြည့်နေခဲ့၏။
"ဘာပြုလို့လဲ၊ဒရေကိုလေး"
အမေက မေးသည်။အမေ့ အသံနှင့် အလွန် အကျွမ်းဝင်နေ၏။အိမ်လိုပါပဲ။သို့သော်လည်းအိမ်ဟာ နောက်ထပ် အိမ် မဟုတ်တော့။
"ကျွန်တော် သွားချင်ပြီ၊အမေ"
ဒရေကို ကြံရာမရ တိုးတိမ်စွာ ပြော၏။ဟယ်ရီ့ကို စောင့်ကြည့်ရင်း သည်မှာ ဆက်ရှိနေခဲ့တာ ကြာလှပြီ။ဆက်နေပြီး ဟယ်ရီ့ပျော်ရွှင်မှုကို ဖျက်ဆီးပစ်ဖို့ မဆုံးဖြတ်မိခင် သူ သွားရဦးမည်။
ВЫ ЧИТАЕТЕ
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Фанфикшн✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...
