အပိုင်း ၂၊ အိမ်

1.5K 118 15
                                    

Unicode

"ပေါ်တာ"

တောအုပ်အတွင်းသို့ ဦးတည်သွားသော၊မီးအိမ်ကလေးများ စီတန်းရံကာ ထွန်းလင်းလျက်ရှိသည့် လမ်းအတိုင်း လျှောက်လာကြရင်း ဟယ်ရီနှင့် လက်ချင်းချိတ်လိုက်ပြီး ဒရေကို ခပ်ညည်းညည်းပြောသည်။

ဟယ်ရီ သက်ပြင်းချလိုက်၏။သို့ပေမဲ့ မပြောင်းမလဲ ပြုံးမြဲပြုံးလျက်။

" အခုက ဘာလဲ၊ဒရေကို"

"မင်းပြောတော့ စားရသောက်ရမယ်ဆို၊ငါ ဒီနားမှာ ဘယ်နေရာမှာမှ ပီဇာဘူး မတွေ့ပါဘူး"

ထပ်တူနီးပါးကျသည့် ခြေလှမ်းများဖြင့် တောတွင်းသို့ နက်နက် ဆက်လျှောက်လာကြရင်း ဒရေကိုက စောဒက တက်၏။

"ငါ ပြောခဲ့တယ်လေ။ဒါက ငါတို့ တကယ် date ဖြစ်တဲ့ ပထမဦးဆုံး date ။ကောင်းစေရမယ်လို့ ငါ မင်းကို ကတိပေးတယ်"

ဟယ်ရီက အသေအချာပြောပြီး ဒရေကိုနှင့် ချိတ်ထားသည့် လက်မောင်းကို ဖြေကာ လက်တွေကို အတူတကွ ယှက်တွဲလိုက်၏။

"ဟုတ်ပါပြီ၊ဟုတ်ပါပြီ။ဒါပေမဲ့ နောက်တစ်ခါ ငါ မင်းကို အပြင်ခေါ်ရင် ငါတို့ စွန့်စားခန်းဖွင့်ကြမယ်"

ဒရေကို ပြောသည်။ဝင်လုဆဲနေမင်း၏ မှိန်ပျပျ နေရောင်က ခန့်ညားသော သူ့သွင်ပြင်ကို ဝင်းမွတ်နေစေ၏။ဒရေကို့ကို ထပ်တစ်ခေါက် ခိုးကြည့်လိုက်မိသည့်အခါ သူ သိပ်ချစ်ရသည့် အနှီ အံ့ဩဖွယ် လူသား၏ ဘေးမှာ တည်ရှိနေရရုံနှင့်တင် သိပ် သိပ် ကံကောင်းသည်ဟူသော ခံစားချက်ဖြင့် သူ့နှလုံးသားလေး ကဆုန်ပေါက်သွားသည်။

"ဘယ်လို စွန့်စားခန်းမျိုးလဲ"

ယှက်တွယ်ထားသော လက်များမှတစ်ဆင့် ဒရေကို့ကို အနီးနား ပိုမို ဆွဲယူလိုက်ပြီး ဟယ်ရီ မေးခဲ့သည်။

"ငါ မဆုံးဖြတ်ရသေးဘူး"

ဟယ်ရီ ရယ်သွမ်းပြီး ထိုလူ၏ အဖြူရောင်ဖျော့ဆံပင်နှင့် ဦးခေါင်းကို ဖိကပ်နမ်းလိုက်၏။

"ဟင့်၊ကတိပေးနေပုံနဲ့လည်း မတူဘူး"

သူ ချက်ချင်းပဲ ခပ်ဖွဖွ လက်သီးတစ်ချက် ဆုချခံလိုက်ရသည်။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Where stories live. Discover now