အပိုင်း ၁၊ ခွာ ၍ ​ပြေး

881 117 0
                                        

Unicode

{T/N-သတ်ပုံအမှားတွေနဲ့ စာကျန်တာတွေအတွက် အားနာပါတယ်။သတ်ပုံကို ဂရုစိုက်ပေမဲ့ စာများရင် သတိမထားတာနဲ့ တင်ပြီးမှ အမှားတွေ့လည်း font နှစ်ခုနဲ့တင်တာမို့လို့ ပြင်ရမလွယ်လို့ပါ။ဒီနောက်ပိုင်း မတင်ခင် စာစစ်ရမှာ ပျင်းတာရောပဲ။

Harry Potter ရဲ့ facts တွေက သေမနေဘဲ ရှင်သန်ပြောင်းလဲနေပါတယ်။ဆိုလိုတာက J.K Rowling ရဲ့ အခန်းဆက်ဝတ္ထုရှည်ပြီးသွားခဲ့ပြီးပေမဲ့ ဟာမိုင်အိုနီက ၂၀၁၉ကစပြီး ဗြိတိသျှ မှော်ဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာပါတယ်။}

လွန်လာပြီးသော ရက်သတ္တပတ်တွေက ကြမ်းတမ်းခဲ့သည်။ဝိညာဉ်သိုပစ္စည်း အရှာထွက်ခြင်း၊ရွန် ခွဲထွက်သွားခြင်းနှင့် ဒရေကို ဖမ်းဆီး ခေါ်ဆောင်ခံရခြင်း၊နေတိုင်း ပိုပြီးတောင် ဆိုးဝါးသော တစ်စုံတစ်ခု ဖြစ်ပျက်နေခဲ့၏။ထိုအရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်သွားဖို့ ဟယ်ရီ သင်ယူခဲ့သည်။ခင်ဗျားကို သုတ်သင်ပစ်ဖို့လုပ်နေသည့် မှော်နက်သခင်တစ်ယောက်၏ တရစပ် ခြိမ်းခြောက်မှုအောက်မှာ ခင်ဗျား ရှင်သန်နေရသည့်အခါ ထိုရှင်သန်ခြင်းနှင့် လိုက်လျောညီထွေ ပြောင်းလဲသင်ယူရသလိုပါပဲ။

ဟာမိုင်အိုနီကလည်း အလွန့်အလွန် အထောက်အကူဖြစ်ခဲ့ပါသည်။သို့ပေမဲ့ ရွန် ထွက်ခွါသွားခြင်း၏ အကျိုးဆက်ကို သူ့လှုပ်ရှားမှုများထဲမှာ ဟယ်ရီ မြင်ရ၏။သူ အရင်လို ထက်သန်တက်ကြွတာမျိုး မရှိတော့။ပိုပြီး တိတ်ဆိတ်ကာ သူ့ဘာသာ ခွေနေတတ်သည်။ဒါပေမဲ့ ဟယ်ရီ့ အတွက် သူ ရှိနေသေးသည်။တစ်ယောက်၏ စိတ်ဖြေသိမ့်မှုအတွက် အခြားတစ်ယောက်အပေါ် သူတို့ အချင်းချင်း မှီခိုနေရကြောင်းကို သူတို့ မကြာခဏ တွေ့ရတတ်သည်။အတိတ်နှင့် နီးနီးနားနားအနာဂတ်မှာ သူတို့ရင်ဆိုင်စရာရှိသည်များ၏ အိပ်မက်ဆိုးတွေက သူတို့ကို နေ့နေ့ညည ခြောက်လှန့်နေခဲ့၏။ဒါ့အပြင် သူတို့အတွက် အရေးပါသည့် အခြားသူတွေကို ဆုံးရှုံးခြင်းက အကူအညီဖြစ်ဟန် မပေါ်ခဲ့ပါ။

တစ်ညမှာ ဆွဲသီးကို ဝတ်ဖို့ ဟာမိုင်အိုနီ့ အလှည့်ကျခဲ့၏။စလေသရင်း ဆွဲသီးကို သူတို့ ရှာတွေ့ပြီးနောက် ၎င်းကို ဟယ်ရီတစ်ယောက်တည်း ကိုင်ဆောင်ထားဖို့က ဝန် ကြီးလှကြောင်း သူတို့ ခပ်မြန်မြန်ပဲ နားလည်ခဲ့ကြသည်။ဒါကြောင့် အလှည့်ကျထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။ဆွဲသီးကို ဆွဲထားရသည့် မည်သူမဆိုကို အလွန်အမင်း ရူးနှမ်းနှမ်း စိတ်အခြေအနေနှင့် မကြာခဏ တွေ့ရတတ်၏။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Où les histoires vivent. Découvrez maintenant