Unicode
"နင်ဘာတွေ ဂန်းတိဂန်းတန်း တွေးနေခဲ့တာတုန်း"
ဟာမိုင်အိုနီက လေသံအုပ်အုပ်နှင့် ဒေါသတကြီး ပြောသည်။မျက်ဝန်းညိုတွေက မီးဝင်းဝင်းတောက်နေ၏။
မချိမခံသာ စကားတိုင်း၊ဒေါနှင့်မောနှင့် စွပ်စွဲပြစ်တင်မှုတိုင်းကို ခံရသင့်တာ သိပေမဲ့ ဒရေကို ရှုံ့မဲ့မဲ့ ဖြစ်သွားသည်။သူက ဂယောင်ချောက်ချားဖြစ်နေသော ပူပူနွေးနွေး စစ်ပြန်ကောင်လေးတစ်ယောက်ဖြစ်ခဲ့သည်။ထို့အပြင် အရင်ဆုံး၊အဦးဆုံးအနေနှင့် သူ့အတွက်သူ နာမည်တစ်လုံးတည်ဆောက်ယူချင်ခဲ့သည်။ဟုတ်ပါသည်၊ယခုလို အချိန်နှောင်းခါမှ သိလိုက်ရသည်က သူဟာ ငတုံးအကြီးစား ဖြစ်ခဲ့သည်။
"ငါ သိပါတယ်။ဒါပေမဲ့ အဲ့အချိန်တုန်းက ငါ့အနေအထားကို နင် သဘောပေါက်ရမယ်။ငါ အတော်လေး ကျော်ဖြတ်ခဲ့ပြီး.."
ထိုစကား မှားသွားပုံရသည်။
"နင်က အတော်လေး ကျော်ဖြတ်ခဲ့ရတယ်၊ဟုတ်လား။ဟယ်ရီကရော။သူက သောက်ကျိုးနည်းသေထားပြီးမှ ပြန် ရှင်လာတာလေ။ပြီးတော့ ဗိုဒါမို့ထ်နဲ့က တိုက်ခိုက်ရသေးတယ်။အဲ့ဒါပြီးတော့ ရုတ်တရက်ကြီး၊သူ့ကို အသက်ဆက်နိုင်စေခဲ့တဲ့သူက သူ့ဘဝကြီးထဲက ထွက်သွားတယ်"
ကျောင်းတုန်းက အချိန်တွေမှာ ဟာမိုင်အိုနီက ရပ်စဉ်းစားတာမျိုးတောင်မရှိဘဲ အဖြေမှန်ကို ဆိုးခနဲ ဆတ်ခနဲ ဖြေခဲ့သလို ယခုလည်း စကားလုံးတွေက မာန်ဟုန်ပြင်ပြင်း လွင့်စဉ်ထွက်လာသည်။
"နင်သူ့ကို ဘာလုပ်လိုက်လဲ နင်မသိပါဘူး၊ဒရေကို။နင်ထွက်သွားပြီးကတည်းက ဟယ်ရီက အရင်လို မဟုတ်တော့ဘူး"
ဟာမိုင်အိုနီက ဝမ်းနည်းညှိုးငယ်စွာ စကားဖြတ်လိုက်သည်။
ဒရေကို မျက်မှောင်ကြုတ်သွား၏။
"နင် ဘာကို ဆိုလိုတာလဲ၊သူ အရင်လို မဟုတ်တော့ဘူးဆိုတာ"
ဟာမိုင်အိုနီက သက်ပြင်းမောချ၏။ဟာမိုင်အိုနီ ဘယ်လောက် ပင်ပန်းနေသလဲ ဒရေကို ထိုအချိန်မှာ သတိပြုလိုက်မိ၏။ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်နေသော နွမ်းလျမောဟိုက်မှုနှယ်။သူ့ ပူပင်မှုကို လက်ခံယူပါ့မလား မသိသည့်အလျောက် သူ မရဲတရဲ လက်ဖွင့်လိုက်သည်။ဟာမိုင်အိုနီက ဒရေကို့လက်တွေကို တွန်းမဖယ်လိုက်သည့်အတွက် ဒရေကို အံ့ဩသွားသည်။ဟာမိုင်အိုနီက ခေါင်းကို ယို့မှီလိုက်၏။ဒရေကို့ ကိုယ်တွင်းက အားနာသော တင်းကျပ်ကျပ်ခံစားချက်အထုံးလေး ကြီးထွားလို့လာသည်။
ВЫ ЧИТАЕТЕ
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Фанфикшн✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...
