အပိုင်း ၁၊ ​နောင်တ

788 104 0
                                        

Unicode

"ဟယ်ရီ။ဟယ်ရီ၊ ရီးမတ်စ် ဒီရောက်နေတယ်၊သူ မင်းနဲ့ စကားပြောချင်လို့တဲ့"

ဘီ့လ်အသံ ခပ်ပြတ်ပြတ်က တိတ်ဆိတ်နေသည့် အိမ်ကလေးထဲ ပဲ့တင်ထပ်သွား၏။

ညလယ်ခေါင်တုန်းက တစ်နည်းတစ်ဖုံ သူ လုံးခြုံထားဖြစ်ပုံရသည့် စောင်ပတ်ထဲမှ ဟာမိုင်အိုနီ ရှိုးတိုးရှန့်တန့် ထွက်လိုက်၏။သူ အရမ်း မအီမသာဖြစ်နေပြီး ထပင်မထိုင်ရဲသေး။ပုံမှန်ဆိုလျှင် ဟာမိုင်အိုနီက အရက်သောက်လေ့မရှိ(အထူးသဖြင့် ကဝေအရက်)သည့်အပြင် သောက်ဖြစ်ပါကလည်း ချင့်ချင့်ချိန်ချိန် အမြဲ သောက်တတ်သည်။ဒါပေမဲ့ မနေ့ညတုန်းက ဖြစ်ပုံက တခြား။

သူတို့ ဆွေးနွေးနေရင်း ဘီလ်က မင်္ဂလာလက်ဖွဲ့ဖြစ်ပုံရသော Firewhiskey ပုလင်းခပ်ကြီးကြီး တစ်လုံးကို ထုတ်လာခဲ့၏။အချိန်တစ်ခုကြာသည်အထိ ရွန် နှင့် ဘီလ်သာလျှင် တကယ် သောက်နေခဲ့သူတွေဖြစ်ပြီး ဒရေကိုက ဝိုင်ခွက်ဖြင့် တစ်ငုံချင်း အလှ သောက်နေခဲ့၏။သူတို့ လုပ်ဖို့ ရှိသည့် ကိစ္စကြောင့် ဖြစ်အံ့သော ထိတ်လန့်မှုဖြင့်လား သို့မဟုတ် စိတ်ဖိစီးမှုဖြင့်လား သူ သေချာမသိသည့်တိုင် ရွန် ကမ်းပေးလာသည့် တစ်ခွက်ပြီး တစ်ခွက်ကို သူလည်း လက်ခံနေမိခဲ့၏။သူတို့သောက်ပုံမျိုးနှင့် သူတို့၏ အစီအစဉ်တွေကို ဘာတစ်ခုမှ သတိမရတော့မှာစိုးသသည့်အတွက် မမူးသေးခင် အားလုံးကို စာရွက်ပိုင်းတစ်ပိုင်းပေါ်မှာ အသော့ ချရေးထားခဲ့၏။

အခန်းက အနည်းငယ် စပြီး ချာလပတ်လည်လာသည်နှင့် တစ်ပြိုင်နက် ထရပ်ကာ သူ့အခန်းဆီ ပြန်ဖို့လုပ်သည်ကို သူ ရေးရေး မှတ်မိသည်။ရွန်က သူ ကူညီမည် ပြုသော်လည်း သူ့ကိုယ်သူနှင့် သူ့အပြုအမူတွေကို ထိန်းချုပ်နိုင်ဖို့ အဝေးကြီးမှာဆိုတာ သိသည့်အလျောက် ဟာမိုင်အိုနီ ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ခဲ့သည်။ဒါ့အပြင် သူတို့ အခု ဘယ်ခရီး ရောက်နေပြီလဲပင် သူ မသိ။သူတို့ သူငယ်ချင်းတွေ ဖြစ်နေတုန်းပဲလား၊အဲ့ထက်ပိုလား။

အနားမှာ ရွန် ရှိချိန်တိုင်း တလှပ်လှပ်ဖြစ်လာသော ခံစားချက်အသေးအဖွဲကလေးတွေကို အကောင်းဆုံး လျစ်လျူရှုထားနိုင်ပေမဲ့ သူတို့၏ သူငယ်ချင်းဖြစ်တည်မှု အောက်မှာ အခြားတစ်စုံတစ်ရာ ရှိနေသည်ကို သူ ငြင်းမရ။သည်နှစ်တွေအားလုံးမှာ ငြိမ်ဝပ်နေခဲ့ပေမဲ့ ယခုအခါ အာရုံစိုက်ခံရဖို့ တောင်းဆိုလာနေသည့် တစ်စုံတစ်ခု။၎င်း အတိအလင်းလိုချင်နေသည့် အာရုံစိုက်ခြင်းကို ၎င်းအားပေးရသဖြင့် ဟာမိုင်အိုနီ ဝမ်းသာပါသည်။သူ့ကြောင်လေးနှင့် ပတ်သက်သော ကလေးကလား ရန်ပွဲများမှ ဘယ်လောက်တောင် ခရီးပေါက်ခဲ့ပြီလဲ ကိုရောပါပဲ။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Место, где живут истории. Откройте их для себя