Unicode
တိတ်ဆိတ်မှုက ဆက်လက် ဖြန့်ကျက်ထားခဲ့၏။သူ ဘာအကြောင်းအရာပဲဖြစ်ဖြစ် တစ်ခုခုပြောသင့်သလား ဟယ်ရီ မသိ။မာတောင့်တောင့် စောင်အောက်မှာ လက်ချောင်းတွေကို ကျစ်ဆုပ်လျက်၊မျက်မှောက်က ဒရေကို့ကို နင့်နင့်နဲနဲ စိုက်ကြည့်နေခဲ့သည်။ဒရေကို ၊သူချစ်သော ကောင်လေးနှင့် အချိန်တွေအားလုံးလွန်သွားပြီးချိန်မှာ သူ့ရှေ့တွင် လာထိုင်နေသော အမျိုးသား။နောက်မှ ပြန်တွေးကြည့်မိတော့ နုံချာသည့် တစ်စုံတစ်ရာဖြစ်နေခဲ့သည်ကို သူ ပြောမလို့ ပါးစပ်ပြင်နေတုန်း ဒရေကိုက စကားစလာသည်။
"ဟယ် ဟယ်ရီ၊ငါ ဒီကိုလာခဲ့တာ ပြေလည်ရာပြေလည်ကြောင်း ပြောဖို့ပါ၊ပြီးတော့ တောင်းပန်ဖို့။ထွက်သွားခဲ့တဲ့ အတွက်"
နောက်ဆုံးစကားလုံးအနည်းငယ်မှာ ဒရေကို့အသံ အက်ကွဲသွား၏။ထိုတဒင်္ဂ၌ ဟယ်ရီ သူ့ကို ရင်ခွင်ထဲ ဆွဲသာ သွင်းလိုက်ပြီး ဘယ်တော့မှ ပြန်မလွှတ်ပေးချင်မိ။ကံမကောင်းချင်တော့ ဒရေကိုက ထိုသို့ပြုမူသည်ကို သိပ်နှစ်သက်လိမ့်မည်ဟု သူ မထင်။ဒရေကို ကျေနပ်လောက်လား။
"စစ်ပြီးတော့ ငါ မထွက်သွားသင့်ခဲ့ဘူး။ငါက ငယ်ရွယ်ပြီး တုံးအခဲ့တယ်။ပြီးတော့ သတ္တိနည်းလိုက်တာလည်း လွန်ရော။ဒါက အကြောင်းပြစရာတစ်ခု မဟုတ်ပေမဲ့" ထိုနေရာတွင် သူ ရပ်သွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ဆက်ပြောသည်။ "ငါထင်တာ၊ထွက်သွားတာ မင်းအတွက် ကောင်းမယ်လို့လေ။ငါတို့ နှစ်ယောက်လုံးအတွက် ကောင်းမယ်။ဘာလို့ဆို စစ်ပွဲလည်း ပြီးသွားပြီ၊ငါလည်း မင်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တယ်၊ဟယ်ရီ၊ဒါပေမဲ့ အဲ့ဒါက စစ်ပွဲပဲလေ။လူတွေက ငါ့ကို လက်ခံမှာ မဟုတ်မှန်း ငါသိတယ်၊သူတို့ ငါတို့ ကို လက်ခံမှာမဟုတ်ဘူး၊ဟယ်ရီ၊အခုအချိန်မှာတောင်မှပဲ။ပြီးတော့ ပြီးတော့ ငါမင်းကို ဝီစလေတို့နဲ့ ဟာမိုင်အိုနီတို့နဲ့ တွေ့ခဲ့တယ်၊ပြီးတော့ ငါ မသိဘူး။ငါက မင်းနဲ့ မဝင်ဆံ့ဘူး၊သူတို့နဲ့ မဝင်ဆံ့ဘူး"
"အဲ့ဒါနဲ့ မင်းထွက်သွားခဲ့တယ်"
ဟယ်ရီက ခံစားချက်မဲ့စွာ အဆုံးသတ်လိုက်သည်။နောက်ဆုံးတော့ ဒရေကိုက ခေါင်းမော့လာပြီး ဟယ်ရီနှင့် အကြည့်ချင်းဆုံသည်။
ŞİMDİ OKUDUĞUN
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Hayran Kurgu✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...