အပိုင်း ၁၊ လက်​တွေ့ အ​ပေးအယူ

658 91 1
                                    

Unicode

သူ့သူငယ်ချင်းတွေ နောက်မှ ဟယ်ရီ တရွေ့ရွေ့ လျှောက်နေခဲ့၏။သူ့ကျောပေါ်ရှိ မှင်စာ၏ အလေးချိန်က သူ့ကို နောက်ပြန်ဆွဲနေပြီး မျက်နှာပေါ်သို့ ချွေးသီးချွေးပေါက်တွေ ကျလာနေ၏။ပုံမှန်အားဖြင့် အမှောင်ဂိုဏ်းသားအစစ်တွေ ရုပ်သွင်ရွှေ့ပြောင်းသွားလေ့မရှိသည့် နေရာတစ်ခုဆီသို့ ရုပ်သွင်ရွှေ့ပြောင်းသွားခြင်းဖြင့် မင်္သကာစရာ မဖြစ်စေဖို့ သူတို့ ဤကဲ့သို့ လမ်းလျှောက်နေတာ အချိန်အတော်ကြာပြီ ဖြစ်သည်။ခက်ခဲပေမဲ့ ဝိညာဉ်သို ပစ္စည်းကို ရရှိဖို့ ဟယ်ရီ အဆုံးတိုင်အောင် ဆက်လုပ်သွားမည်ဟု ပိုင်းဖြတ်ထားသည်။ဟာမိုင်အိုနီက ဘယ်လ်လထရစ်၏ အသွင်ကိုယူလျက် ရှေ့ဆုံးကနေပြီး အခု သူတို့ ဂရင်းဂေါ့စ်ကို ဝင်တော့မည်ဖြစ်၏။အနှီကိစ္စကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်သည်အထိ ယုံကြည်ချက်ရှိရန် ဟာမိုင်အိုနီ ကို ဟယ်ရီ မျှော်လင့်ဆုတောင်းမိ၏။မိဘတွေ၏ လုံခြုံရေးအတွက် အဝေးသို့ တွန်းပို့လိုက်ရခြင်းနှင့် ရှေ့တွင် ရိပ်မိုးနေသော စစ်ပွဲကြမ္မာဆိုးကြောင့် သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ သည်အတောအတွင်း ကြမ်းတမ်းသည့် အချိန်တစ်ခုကို ဖြတ်သန်းနေရကြောင်း သူ သိခဲ့ပါ၏။ထို့အတူ ရီးမတ်စ် လာလည်ပြီးကတည်းက စိတ်အားတက်ဖွယ်ဖြစ်စေတတ်သော၊ကူညီဖေးမတတ်သော ဟာမိုင်အိုနီ၏ ပင်ကိုယ် ဂုဏ်အရည်အသွေး မြင့်မားလာသည်ကို ဟယ်ရီ သတိပြုမိသည်။ယခုကိစ္စ အားလုံး ပြီးပြတ်သွားမှ သူ ထိုအခြေအနေကို တီးခေါက်စူးစမ်းကြည့်ဖို့ ဆုံးဖြတ်ထား၏။

ဒရေကိုနှင့် ရွန်က ရုပ်သွင်ပြောင်းဆေးရည်မသုံးထားပေမဲ့ ကြီးကြီးမားမား ရုပ်ဖျက်ထားရဆဲဖြစ်၏။အထူးသဖြင့် ဒရေကို "ဖမ်းခေါ်သွား" ခံရပြီးနောက် အမှောင်ဂိုဏ်းသားတွေ ဒရေကို့ကို အာရုံစိုက်ကာ ရှာဖွေနေကြသောကြောင့်ဖြစ်၏။သူ့ကောင်လေး၏ အနောက်ဘက် တည့်တည့်မှနေ၍ ဟယ်ရီ လျှောက်နေခဲ့သည်။လေးလံနေသော ခြေလှမ်းတိုင်းက စီစဉ်ထားသလိုသာ ဖြစ်မလာခဲ့လျှင် ရှေ့တွင် စောင့်ဆိုင်းနေမည့် အကျိုးဆက်များကို သူ့အား သတိပေးနေခဲ့၏။အကွက်စေ့သည့် အစီအစဉ်တစ်ခုရလာဖို့ သူတို့ နာရီပေါင်းများစွာ ဆက်တိုက်အချိန်ယူခဲ့ရပေမဲ့ လုပ်သလို မဖြစ်တတ်သည့် သဘောကို ဟယ်ရီ နားလည်သည်။သည်ကနေ့မှာ ကြီးကြီးမားမား လွဲချော်တာမျိုး မရှိဖို့ ဟယ်ရီ ဆုတောင်းရုံသာ ဖြစ်သည်။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Where stories live. Discover now