Unicode
သူ့ဘေးမှာ ခွေအိပ်နေသော ခပ်နွေးနွေးကိုယ်နှင့် ဒရေကို နိုးလာခဲ့သည်။ကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်၏။မျက်ခွံတွေက အိပ်ချင်စိတ်နှင့် သိပ်လေးနေဆဲ။သူ့ခါးကို ဖက်တွယ်ထားသော လက်တွေ တင်းကျပ်သွားသည်။ရှာတွေ့လိုက်သည့် တောင့်တနေခဲ့ရာ နွေးထွေးခြင်းရင်းမြစ်ဆီသို့ သူ တိုးကပ်သွားသည်။အခြားတစ်ယောက်နှင့် နှာဖျားချင်း ထိတွေ့သွားပြီးနောက် သူ့မျက်လုံးတွေ ပွင့်လာသည်။
မီးခိုးရောင် ရင့်ရင့်နှင့် မြစိမ်းရောင်တို့ တွေ့ဆုံသွားတော့ သူ မှင်တက်မိသည်။ဟယ်ရီက အိပ်ချင်မူးတူး ပြုံးပြပြီး ဒရေကို့လည်တိုင်ဆီ ခေါင်းကို ထိုးစိုက်တိုးဝင်လိုက်၏။အရာအားလုံးက နွေးနွေးထွေးထွေး၊ပြီးပြည့်စုံလွန်း၊ငြိမ့်လွန်းလျက်။
ထို့နောက် အဖြစ်အပျက်အားလုံးက သူ့ထံသို့ အားပြင်းပြင်းနှင့် တရစပ် ပြန်ရောက်ချလာသည်။ရန်ဖြစ်ခြင်း၊firewhiskey၊ဟယ်ရီ သူ့ကို ရှာတွေ့ခြင်း၊အားလုံး။မနေ့ညက အရက်နာကျပျောက်ဆေးသောက်ဖို့ သတိရခဲ့သည့်အတွက် ဒရေကို သူ့ကိုယ်သူ ကျေးဇူးတင်မိသည်။
(T/N-Firewhiskey ကို အရင်အပိုင်းတွေမှာ ဘယ်လို ဘာသာပြန်ခဲ့မိလဲမသိဘူး😁 ကဝေထီး၊ကဝေမတွေ သောက်တဲ့ ဝီစကီလို့ပဲ သိရင် ဖတ်လို့အဆင်ပြေပါပြီ။တကယ်လို့ မှော်လောကနဲ့ ပတ်သက်တဲ့ ကျိန်စာတွေ၊အသုံးနှုန်းတွေ၊အကြောင်းရာတွေအကြောင်း သိချင်ရင်တော့ ကျွန်တော့်ကို comment မှာ မေးလို့ရပါတယ်။ရှာပြီး တင်ပေးပါ့မယ်။ကျွန်တော်ကတော့ reader တွေ novel ဖတ်ရင် နားလည်လွယ်အောင်လောက်ပဲ note ထည့်မှာပါ။)
ရန်ဖြစ်ပြီးနောက် ဒရေကိုက ဟယ်ရီနှင့် သူ့အခန်းသို့ ဒေါသတကြီး ပြန်ချသွားသည်။ထို့နောက်က နာရီချီကြာသည့် ငြိမ်းငြိမ်းဆိတ်ဆိတ်နှင့် ထီးတည်းဖြစ်မှုကိုထောက်ရလျှင် ဂရင်းဂျာ ဒါမှမဟုတ် ဝီစလေက ဟယ်ရီ့ကို သူ့နောက်မလိုက်ဖို့ ပြောခဲ့တာ ရှင်းသည်(သူတို့ ဝိညာဉ်တွေကို မာလင် ကောင်းချီးပေးပါစေ)။ဒါပေမဲ့ ဒရေကို့ တစ်စိတ်တစ်ပိုင်းကတော့ ဟယ်ရီ့ကို သူ့နောက်လိုက်လာစေချင်သည်။သူ့ကို ဆုပ်ကိုင်ထားဖို့၊အားလုံး ပြေပြေလည်လည်ဖြစ်သွားမှာပါလို့ ပြောဖို့။သို့ပေမဲ့ ဒါဟာ အမြဲတမ်းပဲ ဖြစ်လာလိမ့်မည် မဟုတ်။ပြီးတော့ သူ ကောင်းကောင်းကြီး သိနေသည်။
YOU ARE READING
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Fanfiction✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...