Unicode
တိတ်ဆိတ်မှုက ဖြန့်ကျက်စိမ့်ဝင်နေခဲ့သဖြင့် ကိုယ်ပျောက်ဝတ်ရုံအောက်မှာ သူကြားနေခဲ့သည့် တစ်ခုတည်းသော အသံက သူ့ သက်ရှိုက်သံ ပြင်းပြင်း။အောက်ဘက်မှာ သူ့သူငယ်ချင်းတွေက ကျောင်းကြီးနှင့် ကျောင်းသားများ၏ ဘဝတွေအတွက် ရင်ဆိုင်တိုက်ခိုက်နေကြချိန်မှာ သူကတော့ အရူးတစ်ယောက်လို ဤနေရာတွင် ရပ်နေခဲ့သည်ကို သူသိပါသည်။
အသုံးမကျဟု သူဝန်ခံရမည့် သူ့ စကားသံမဲ့ မန္တန်(non-verbal spells)တွေက ဤကဲ့သို့သော သေရေးရှင်ရေး အခိုက်အတန့်မှာ သူ့အတွက် အလုပ်မလုပ်ပေးကြတော့။နက္ခတ်ကြည့်မျှော်စင်ပေါ်တက်သည့် လှေကားထစ်တွေ အောက်မှာ တောင့်တောင့်ကြီး ရပ်လျက် ကျောင်းအုပ်ဆရာကြီးဒမ်ဘယ်ဒေါကို ကိုယ်တိုင် သတ်ဖို့ ဆိုသည့် မာလ်ဖွိုင်း၏ စဉ်းလဲသော အကြံအစည်အကြောင်း မာလ်ဖွိုင်းနှင့် ဒမ်ဘယ်ဒေါတို့နှစ်ယောက် စကားစမြည်ပြောနေသည်အား မျက်မြင်သက်သေအဖြစ် သူ ရှိနေခဲ့သည်။
အို၊သူ့ကိုယ်သူ ဘယ်လို ကိစ္စထဲ ဆွဲသွင်းမိခဲ့ပြီလဲ။သို့တိုင်အောင် မျှော်စင်ပေါ်က မြင်ကွင်းကို သူအကြည့်မလွှဲနိုင်ခဲ့ပါ။ဤနေရာတွင် ဖြစ်စဉ်တစ်လျှောက်လုံးသူရှိနေခဲ့သည့်အတွက် မာလ်ဖွိုင်း၏ လုပ်ရပ်တွေကို သူ သိဖို့ လိုအပ်သည်။ကနဦးကတည်းက သူ မှန်ခဲ့ကြောင်း သိဖို့လိုအပ်သည်။သို့သော် သူမှန်သည်ဟု သိရဖို့က မာလ်ဖွိုင်း သူ့လုပ်ရပ်တွေကို ဝန်ခံနေသည်အား မြင်ရဖို့မဟုတ်ခဲ့ပါ။
မှော် တရားရေး အရေးပိုင်(Auror)တွေက သူ့ကို စောင့်ဖမ်းနေချိန်မှာ သူ့လုပ်ရပ်တွေကို ဒမ်ဘယ်ဒေါအား ဖွင့်ဟဝန်ခံနေသည့် မာလ်ဖွိုင်း၊ဟယ်ရီ့ဆီမှာ လက်ပူးလက်ကြပ် အမိခံလိုက်ရသည့် မာလ်ဖွိုင်းကို တပ်အပ်မြင်လိုက်ရခြင်းသာဖြစ်သည်။ကွယ်ရာမှာ သူ သိပ်ကျေနပ်နေခဲ့သည်။
"Petrificus Totalus"မန္တန်နှင့် တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းမရှိလောက်တော့အောင် ချည့်နဲ့အားနည်းနေခဲ့ပြီဖြစ်သော ဒမ်ဘယ်ဒေါကို မာလ်ဖွိုင်းက မှော်ကြိမ်တံနှင့် ရွယ်နေသည့် မြင်ကွင်းကို သူတစ်ခါမှ မြင်ယောင်မကြည့်ဖူးခဲ့။ပို၍ နားမလည်နိုင်ဖြစ်ရသည်က မာလ်ဖွိုင်းက တရှုပ်ရှုပ် ရှိုက်ငိုနေခဲ့ခြင်း ဖြစ်သည်။သူ မလုပ်ချင်သည့် အလုပ်တစ်ခုကို လုပ်နေရသည့်ပုံစံနှင့်။
ESTÁS LEYENDO
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Fanfic✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...