အပိုင်း ၁၊ ရန်သူ နှင့် အိပ်စက်ခြင်း

1.6K 135 1
                                        

Unicode

"ကောင်းကွာ၊သောက်ကျိုးနည်း အခု ငါတို့ ဘာဆက်လုပ်ကြမှာလဲ"

လက်ပန်းကျကာ အရက်နာကျနေသော ရွန်က တိတ်ဆိတ်နေသည့် အခန်းအားမေးလိုက်၏။အမှန်အတိုင်းပြောရလျှင် အနှီ ထိန်းထိန်းသိမ်းသိမ်းနေနေရသည့် သောက်ကိစ္စက သူ့ကို တကယ်ကြီး ဒေါသလာဆွ နေပြီဖြစ်သည်။

သူ ထိုအချိန်မှာ ဆိုးဆိုးဝါးဝါး အချိုးမပြေသည့် ငမူးကောင်တစ်ကောင် ဖြစ်နေခဲ့သည့် အချက်ကလွဲ၍ သေချာသည်က ညစ်စုတ်စုတ် မိုတယ်အခန်းထဲ ဟာမိုင်အိုနီနှင့် တစ်ခန်းထဲ နေရခြင်းက ကောင်းရောပဲ။နောက်တစ်နေ့မနက်တွင် အဖော်အဖြစ် ခေါင်း တဆစ်ဆစ်ကိုက်ခြင်းနှင့်အတူ သူ့တစ်ယောက်တည်းကိုသာ အိပ်ရာကျယ်ကြီးပေါ်မှာ တွေ့ရ၏။

ခုတင်အနီး စားပွဲသေးသေးတစ်လုံးပေါ်မှာ note သေးသေးတစ်ရွက်ကို တွေ့ရ၏။နောက်ကျိကျိ အရည်စိမ်းတွေပါသော ပုလင်းငယ်က ၎င်းနှင့်ကပ်လျက် ရှိနေသည်။ပုလင်းပေါ်မှာ အရက်နာကျ ပျောက်ဆေးဟူသည့် စကားလုံးများနှင့် တံဆိပ်သေးသေးတစ်ခုရှိသည်။ခေါင်းထဲ ထိုးကိုက်နေသော နာကျင်မှုပျောက်သွားဖို့ စိတ်အားထက်ထက်သန်သန်နှင့် ရွန် က ဆေးရည်ကို အလျင်စလို မျိုချလိုက်သည်။သူ့ အစာအိမ်က လက်မခံဘဲ ပျို့(stomach lurch)တက်လာသည်။အန်မချမိဖို့ လေကို ပါးစပ်အပြည့် များများတောင် ရှူလိုက်ရသေး၏။

Noteက ဟာမိုင်အိုနီထံမှ ဖြစ်သည်။မနေ့ညတုန်းက သူ ထူးထူးကဲကဲ မိုက်မဲတာတစ်ခုခု လုပ်ခဲ့မိနိုင်သည်ကိုသိခြင်းကြောင့်ပဲ ညည်းညူချင်စိတ်ကို ထိန်းလိုက်ရ၏။ဒါပေမဲ့ သူ အံ့ဩချင်စရာ၊ ဟာမိုင်အိုနီ သူ့အတွက် ဆေးရည်ထားသွားပေးကြောင်းနှင့် သူတို့အားလုံးအတွက် မနက်စာဝယ်ဖို့ ထွက်သွားကြောင်းလောက်သာ noteက သူ့ကို ပြောထား၏။ဒရေကိုနှင့် ဟယ်ရီ့ကို မနက်ကျ ပြီးလျှင် သွားတွေ့ဖို့လည်း ရွန့်ကို ပြောထားသေးသည်။

သူ တစ်ခုခုရူးနှမ်းနှမ်း လုပ်ခဲ့ပြီးပြီမှန်း သူသိသည်။အဟုတ်။သူ လုပ်ခဲ့သည်။ရွန်နှင့် အရက်၊ အထူးသဖြင့် မက်ဂယ် အရက် က သိပ်မကိုက်လှ။ဟယ်ရီ မြွေပါကတိုးဖြူကောင်နှင့် ဘယ်လိုဖြစ်နေပြီလဲ သူ သိချင်မိသည်။

စိတ်ရဲ့ အလှည့် | မြန်မာပြန် |Where stories live. Discover now