Unicode
ဘီလ်နှင့် ဖလားလ်တို့၏ အိပ်ခန်းအပိုအတွင်းရှိ ပြတင်းဘေး ခုံတန်းရှည်ပေါ်မှာ ဒရေကို ထိုင်နေ၏။သူ့ဘဝသူ ကျိန်ဆဲလျက်၊ပေါ်တာနှင့် သူ့ သူငယ်ချင်းဆိုသူလေးတွေကို ကျိန်ဆဲလျက်၊လောကကြီးကို ကျိန်ဆဲလျက် သူ ပြတင်းပေါက်အပြင်ကို ငေးကြည့်နေခဲ့၏။ဒေါ်ဘီ့အတွက် တူးထားသည့် ကျင်းထဲ ဒေါ်ဘီ့ကို ပေါ်တာ မြုပ်နေသည်ကို အစအဆုံး သုန်သုန်မှုန်မှုန် စောင့်ကြည့်ရင်း ဒရေကို ပြတင်းပေါက်အပြင်ကို ကြည့်နေခဲ့၏။ဒေါ်ဘီ့ကို အသက်မဲ့ အသားတုံးတစ်လုံးလို အဲသည်မှာ ပစ်မထားနိုင်ကြောင် ပေါ်တာ၏ အသေးစား ဂျီကျမှုအပြီး၊စောနလေးကမှ ပေါ်တာနှင့် ဝီစလေတို့ ကျင်းငယ်တစ်ကျင်း တူးပြီးခဲ့ကြ၏။ဒေါ်ဘီက လွတ်လပ်သည့် မှင်စာတစ်ကောင်ဖြစ်ပြီး၊ အထူးသဖြင့် သူတို့အတွက် ဒေါ်ဘီ လုပ်ဆောင်ခဲ့သည်များကြောင့် ဒေါ်ဘီက အလေးထားခံထိုက်ကြောင်း၊မျက်ရည်လည်ရွဲ အော်ကျယ် အော်ကျယ် ပေါက်ကွဲမှုမှာ ဂရင်းဂျာက ပေါ်တာနှင့် ခပ်မြန်မြန်ပဲ အလိုတူအလိုပါဖြစ်သွားခဲ့၏။
သူ့အောက် ကမ်းခြေပေါ်က အဖြစ်အပျက် အခင်းအကျင်းကို စောင့်ကြည့်ရင်း ကျဆုံးသွားသော မှင်စာနှင့် ထိုအုပ်စုအတွက် စိတ်မသန့်ခြင်း၏ အပါးလျဆုံး အရိပ်အငွေ့ကို ဒရေကို ခံစားရ၏။သူ ဖမ်းဆုပ်ဖို့ ကြိုးစားသည့် မှတ်ဥာဏ်ရေးရေးကို ဒရေကို ခံစားရ၏။အတော်အတန် နီးကပ်သွားချိန်တိုင်း မှတ်ဥာဏ်တွေက အဝေးကို လွင့်ပြယ်သွားသည်။ပထမအကြိမ် ထိုသို့ဖြစ်တုန်းကဆိုလျှင် ဒရေကို ချက်ချင်း အထိတ်တလန့်ဖြစ်သွားပြီး မှတ်ဥာဏ်တွေကို ဖမ်ဆုပ်ဖို့ ကြိုးစားတာ ရပ်လိုက်၏။တချို့သော မှတ်ဥာဏ်တွေကိုပဲ သူ့စိတ်ထဲမှ ဖြတ်ထုတ်ထားကြောင်း မကြာမီ ဒရေကို နားလည်လာခဲ့၏။ဒါ လုံးဝ အတိတ်မေ့ခြင်း မဟုတ်၊သူ ဘယ်သူလဲ၊သူ့ မိသားစုဝင်က ဘယ်သူလဲ၊မှော်နက်သခင်၊ဟော့ဝေါ့စ်၊အခြား အရာအားလုံးကို သူ သိနေခဲ့၏။ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့မှတ်ဥာဏ်တချို့ကို ပျောက်ဆုံးနေကြောင်းလည်း ဒရေကို သိခဲ့၏။အမှောင်သခင်နှင့် သူ အစည်းအဝေးတက်ခဲ့ခြင်းနှင့် တစ်စုံတစ်ရာ ဆက်စပ်နေလိမ့်မည်ဟု သံသယဖြစ်နေ၏။
ВЫ ЧИТАЕТЕ
စိတ်ရဲ့ အလှည့် | မြန်မာပြန် |
Фанфикшн✔Uploaded in both Zawgyi and Unicode. ကာကွယ်ပေးမည် ဆိုသော ဒမ်ဘယ်ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်မျှော်စင်ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်ကော။ ထိုကတိကဝတ်၏ အကျိုးဆက်ဖြင့် ဟယ်ရီနှင့် ဒရေကိုတို့ အတူတူနေကြဖို့ အတင်း အစီစဥ် ခံခဲ့ရလျှင်က...
