Ep (24)

10.2K 758 88
                                    

တစ်ခါတလေ ကိုယ်ပိုင်ဆိုင်ထားရသည့်ဘဝကြီးကို စိတ်ကုန်ပြီး သေမင်းနဲ့အရွဲ့တိုက်ခဲ့ဖူးသည်။ သေမင်းကပဲ လက်မခံချင်တာလား ကံကြမ္မာကပဲ ကျီစားနေသလားမသိ။

တခြားသူတွေသာဆို သေဖို့ရာခိုင်နှုန်းများသည့်လုပ်ရပ်များစွာ sorelလုပ်ခဲ့ဖူးသည်။ ယခုချိန်ထိ အသက်ရှင်နေသေးတာက ကံကြမ္မာကစောက်ခွက်ပြောင်နေလို့ ဖြစ်လိမ့်မည်။

အမှောင်ထုထဲ ရမ်းသန်းအပစ်ခံနေရသော်လည်း ပွတ်ကာသီကာဖြင့် သေဘေးကလွတ်ခဲ့သည်။ ယခုတစ်ဖန် ၈ထပ်တိုက်နီးပါးအမြင့်မှ ခုန်ချပါသော်လည်း သေမင်းလက်မခံချင်ဘူးထင်သည်။ sorelခုန်ချလိုက်သည့်နေရာမှာ အမွေးပွအရုပ်များရှိသည့်နေရာဖြစ်နေသည်။

မိမိခုန်ချသလို မခုန်ချနိုင်ဘဲ အပေါ်မှလှမ်းကြည့်နေသည့်အုပ်စုမမြင်အောင် ရှောင်ပုန်းကာ ဆုံမှတ်နေရာကိုပြေးရသည်။ ခုန်ချထားသည့်အရှိန်ကြောင့် ခြေထောက်က ကောင်းကောင်းမထောက်နိုင်ပါသော်လည်း ဟိုနှစ်ကောင်ကို စိတ်ပူ၍အားတင်ထောက်ရသည်။

စက်ယန္တရားကြီးပေါ်မှ ပြုတ်ကြသွားသည့် အရိပ်လေးတစ်ခုကြောင့် arloရောramsayပါ မင်သက်နေမိသည်။ bossရှိရာသို့ပြေးပြီး ကယ်ရမလား။ ဆုံမှတ်ကိုပဲ သွားရမလား မဆုံးဖြတ်တတ်တော့ပေ။ ramsayက bossရှိရာဆီ ပြေးဖို့ခြေလှမ်းချိန်မှာ arloကဝင်တားလိုက်သည်။

"bossက ငါတို့ကိုဆုံမှတ်မှာစောင့်နေလို့ ပြောထားတာ ဆုံမှတ်ကိုပဲသွားကြမယ်"

ramsayဘာမှပြန်မပြောနိုင်ခင်မှာပင် arloဆွဲခေါ်ရာနောက်သို့ ပါသွားလေသည်။ ဆုံမှတ်ကိုရောက်သည့်အခါ boss၏အရိပ်အယောင် တစ်စွန်းတစ်စပင်မတွေ့ရပေ။ ramsayစိတ်ပူမိသလို ဒေါသလဲထွက်လာသည်။

"ခုနbossပြုတ်ကျသွားတာ မင်းစောက်လုံးနှစ်လုံးနဲ့ မမြင်လိုက်ဘူးလား။ bossကို ငါသွားကယ်မယ်"

ကမူးရှုးထိုးဖြင့် bossရှိရာသွားမည်ဟု ကြွေးကြော်နေသော သကောင့်သားကို ဖမ်းချုပ်ထားရပြန်သည်။

"ဟေ့ကောင့် ခွေးမသားarlo လွှတ် ငါ့ကိုလွှတ်"

နှစ်ယောက်သားလုံးထွေးသတ်ပုတ်နေချိန် အမှောင်ရိပ်ထဲမှ ပုံရိပ်လေးတစ်ခုက အသံထွက်လာသည်။

DestinéWhere stories live. Discover now