Ep (74)

5.4K 520 23
                                    

သုံးမြွှာပူးလေးတွေဟု သိလိုက်ရတည်းက ကိုယ်တော်ချော၄ယောက်မှာ ဗျာများနေရပြီဖြစ်သည်။ sorelလေးကိုမျက်စိအောက်က အပျောက်မခံဘဲ အရင်ကထပ်ပိုပြီးဂရုစိုက်လာကြသည်။ ထိုသို့ဂရုစိုက်ကြသည့်အထဲတွင် arloနှင့်kimကအဆိုးဆုံးဖြစ်သည်။

sorelကကိုယ်ဝန်လရင့်လာသည်နှင့်အမျှ လှုပ်ရှားမှုနှေးကွေးလာသည်။ အခန်းထဲတွင်သာအမြဲအောင်းနေတတ်ပြီး ramsayရင်ခွင်ထဲတွင်သာချွဲနွဲ့နေတတ်သည်။ ramsayကလည်းsorelကို အလိုလိုက်လွန်းသည်။ လေ့ကျင့်ခန်းလုပ်ရမည့်အချိန်တွင်လည်း အချိန်နည်းနည်းလေးလုပ်ပြီး sorelကညည်းညူလိုက်သည်နှင့် ပွေ့ချီပြီးအခန်းထဲခေါ်သွားတတ်သည်။

arloနှင့်kimကတော့ sorelကိုအလိုမလိုက်ပေ။ dim၏ဦးဆောင်မှုဖြင့် လေ့ကျင့်ခန်းမပြီးမချင်း အခန်းထဲမဝင်ခိုင်းပေ။ ramsayကပွေ့ချီခေါ်သွားလျှင်လည်း အခန်းထဲထိသွားပြီးဆွဲခေါ်ထုတ်လာကာ လေ့ကျင့်ခန်းအတူတူလုပ်ပေးသည်။

လေ့ကျင့်ခန်းလုပ်ပြီးလျှင် စိတ်ကောက်သွားသည့်sorelကို လတ်လတ်ဆတ်ဆတ်အသီးဖျော်ရည်ဖျော်တိုက်ပြီး ချော့ရပြန်သေးသည်။ လေ့ကျင့်ခန်းမှာအပြင်းစားလေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ ခြံထဲဆင်းပြီးလမ်းလျှောက်ရတာလေးကို ညည်းညူနေခြင်းဖြစ်သည်။

"ram သူတို့သုံးယောက်ကို အိမ်ပေါ်ကနှင်ချလိုက်ပါလား။ babyကိုအရမ်းနှိပ်စက်ကြတာပဲ"

ramsayကsorelခြေထောက်တွေကိုနှိပ်နယ်ပေးရင်း ချစ်ရသူလေး၏တိုင်တောသံလေးကို ပြုံးကာနားထောင်နေသည်။

"babyကောင်းဖို့အတွက် သူတို့လုပ်ပေးတာပါ။ နှိပ်စက်တာမဟုတ်ပါဘူး"

"ဟင့်အင်း မသိဘူး။ babyမျက်လုံးထဲမှာတော့နှိပ်စက်နေတယ်လို့ပဲမြင်တယ်"

"မနက်ဖြန်ကြရင် သူတို့မနှိပ်စက်နိုင်အောင်ကိုယ်လုပ်ပေးမယ်"

"တကယ်လား ကတိနော် အဲ့ဒါတွေကြောင့်ramကိုချစ်နေရတာ မွ မွ"

ramsayကိုမရမကသိုင်းဖက်ရင်း မျက်နှာတစ်ခုလုံးကိုဖက်နမ်းပစ်လိုက်သည့်sorel။ ramsayကိုအားရပါးရသိုင်းဖက်ချင်ပေမဲ့ ဗိုက်လုံးလုံးလေးကခံနေတာကြောင့် ဖက်ရအဆင်မပြေဖြစ်နေလေသည်။

DestinéWhere stories live. Discover now