Bossက သူ့သမီးနဲ့မိတ်ဆက်ပေးမယ်လို့ ပြောလိုက်ထဲက ramsayစိတ်လှုပ်ရှားလို့နေသည်။ တစ်ညလုံးလဲ အိပ်မပျော် အတွေးများနှင့် ယောက်ယပ်ခတ်လို့။
Bossကအသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျတာလား။ သမီးရှိတယ်ဆိုတော့ မိန်းမကရော ဘယ်ရောက်သွားတာလဲ။ သေသွားတာလား။ ပြီးတော့ သမီးဖြစ်သူကို ဘာလို့သူနဲ့အတူ ခေါ်မထားတာလဲ။ တစ်ညထဲနဲ့တင် ramsayမှာ မေးခွန်းများစွာ ထွက်လို့လာသည်။ အဖြေကတော့ မနက်ရောက်မှ ထွက်လာမည်ပင်။
တစ်ညလုံးအိပ်မပျော်သောကြောင့် စောစောစီးစီးနိုးနေသည့် ramsay။ Bossကတော့ အိပ်ကောင်းတုန်း။ Bossရဲ့သမီးနဲ့ တွေ့ရမှာဆိုတော့ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေး ဝတ်စားပြီး လူဆိုးပုံမပေါက်အောင် ramsayပြင်ဆင်နေမိသည်။
Bossနိုးလာခဲ့ပါပြီ။ အိပ်ချင်မူးတူးနဲ့ မနက်စာစားပြီးတာနှင့် arloပေးသည့် စာရွက်စာတန်းတွေကို တစ်ချက်စစ်ဆေးလိုက်သည်။
"အော်ဒါတွေ ထပ်တက်တာပဲ မနေ့ကအကုန်ပြီးသွားလား"
Bossမေးတာကို arloကပြန်ဖြေသည်။
"နည်းနည်းကျန်သေးတယ် Boss"
"ပြီးရင် အဲ့ဒါတွေငါသွားစစ်မယ် အခုတော့ ငါ့သမီးဆီသွားမလို့ မင်းလိုက်ခဲ့ဦး"
"ဟုတ်ကဲ့ Boss"
Bossရဲ့ဦးဆောင်မှုနောက်ကို လိုက်နေသည့်arloနဲ့ramsay။ သွားနေသည့်လမ်းတောက်လျှောက် ramsayမှာ စိတ်လှုပ်ရှားလို့နေသည်။
အိမ်ကြီးရဲ့အနောက်ဘက် တောအုပ်ထဲကို လျှောက်သွားတော့ ခါးလယ်လောက်ရှိသည့် ခြံစည်းရိုးအဖြူလေးကို တွေ့ရသည်။ လူတစ်ယောက်ရဲ့အရိပ်အယောင် ပင်မတွေ့။ ramsayတွေးမိသည်က ကလေးကိုဒီမှာ တစ်ယောက်ထဲထားတာလား ရက်စက်လိုက်တာ။
Bossကခြံစည်းရိုးတံခါးလေး ဖွင့်ပြီးဝင်သွားတော့ အနောက်ကလိုက်ဖို့လုပ်နေသည့်ramsayကို arloကလှမ်းဆွဲလိုက်သည်။
"သမီးလေးရေ ဒယ်ဒီ့ကိုစိတ်ဆိုးနေတာလား ဒယ်ဒီ့ဆီလာပါဦး"
Bossခေါ်နေတဲ့ပုံကို ကြည့်ပြီး ramsayမျက်မှောင်ကျုံ့မိသည်။ ဘယ်လိုခေါ်နေတာလဲဟုလည်း တွေးမိသည်။ ထိုအချိန် ဟိန်းသံကျယ်ကြီးတစ်ခုထွက်လာတာကြောင့် ramsay နည်းနည်းလန့်ပြီး တုန်သွားသည်။
YOU ARE READING
Destiné
Action⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဇာတ်ကွက်များ ၊ ညစ်ညမ်းသောအသုံးအနှုန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သူများမဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️trigg...