🔞Ep(4) 🔞

70.2K 1.2K 8
                                    

ramsayသတိထားမိသည်က အဆဲသန်လေးဟာ အမြဲတမ်းခေါင်းစွပ် စွပ်ထားတာပဲ။ခေါင်းစွပ်မဝတ်တဲ့နေ့ဆိုတာ မရှိဘူးလားမသိ။အခုနကလည်း အစားစားနေရင်း နေရခက်မှာစိုးလို့ ခေါင်းစွပ်ချွတ်ခိုင်းတာကို ဒေါသအကြည့်နှင့်အတူ မောင်းထုတ်ခံလိုက်ရသည်လေ။

ဒါတွေအသာထားပါ ကျွန်တော်ချက်ကျွေးလိုက်တဲ့လက်ရာကို သူကြိုက်တယ်ဆိုတာက ကံကောင်းမှုတစ်ခုပဲ။ သူ့အိမ်ထဲကိုဝင်ခွင့်ရသွားပြီဆို သူ့လုပ်ငန်းလည်ပတ်ပုံအချို့နှင့် သူ့နေပုံထိုင်ပုံကို ကျွန်တော်အနည်းငယ် သိခွင့်ရလိမ့်မယ်ထင်တယ်။

ညနက်သန်းခေါင်အချိန်ကျမှ တိုက်ပိတ်ခန်းရှိရာဆီ ဦးတည်သွားနေသည့် အရိပ်လေးတစ်ခု။ ထိုအရိပ်ပိုင်ရှင်က တခြားသူတော့မဟုတ် sorelကိုယ်တိုင်ပင်။

တံခါးဘက်ဆီက သော့ဖွင့်သံကြောင့် ခွေခေါက်လှဲနေရာမှ ခေါင်းထောင်လာတဲ့ သစ္စာဖောက်ကောင်လေး။ကောင်လေးရဲ့ မျက်နှာကိုဆွဲယူပြီး လေသံတိုးတိုးလေးနှင့် sorelပြောလိုက်သည်က

"မင်းနောက်မှာ ဘယ်ကောင်ရှိနေလို့ ဒီလိုလုပ်ရဲတဲ့သတ္တိရှိတာလဲ"

ကောင်လေးက မဲ့ပြုံးလေးတစ်ချက်ပြုံးရင်း

"ဟက် ခင်ဗျားမေးတိုင်း ဖြေစရာလား စောက်ရူး"

ကောင်လေးစကားသံဆုံးတာနဲ့ ကောင်လေးရဲ့ခေါင်းကို နံရံနဲ့ လေးငါးချက်လောက် ပိတ်ဆောင့်ပေးလိုက်တယ်။

"အသားနာတာတောင် မမှတ်တဲ့ခွေးဝဲစားတွေလည်းရှိသေးတာပဲ"

ကောင်လေးရဲ့ ဆံပင်တွေကိုဆောင့်ဆွဲရင်း ခန္ဓာကိုယ်ကိုတရွတ်တိုက်ဆွဲကာ အခန်းတစ်ခုဆီကို ခြေဦးလှည့်လိုက်တယ်။

"လွှတ် စောက်ရူး ငါ့ကိုလွှတ် မင်းလိုကောင်က လူယုံသတ်လို့သေမယ့်ကောင်မျိုး"

ကောင်လေးရဲ့စကားကြောင့် sorelအနည်းငယ်တော့ မျက်မှောင်ကျုံ့မိသွားသည်။ အခန်းတံခါးကိုဖွင့်ရင်း

"ငရဲခန်းမှ ကြိုဆိုပါတယ် ခွေးကောင်လေး"

ကောင်လေးသူရောက်နေတဲ့ အခန်းနေရာကို ဝေ့ဝဲကြည့်လိုက်ချိန်မှာ ကြက်သီးမွှေးညင်းတွေပါ ထောင်ထကုန်သည်အထိ။

DestinéWo Geschichten leben. Entdecke jetzt