Ep (36)

5.9K 694 36
                                    

Jackအနေနဲ့ ဒီကောင်လေးကို ဘယ်အချိန်ကစပြီးစိတ်ဝင်စားမိသွားလည်းဆိုတာ သတိမထားမိသလို၊ ဘယ်လိုကြောင့် ချစ်မိသွားတယ်ဆိုတာလည်း စဉ်းစားမရပေ။ အခုလိုအသက်အန္တရာယ်နဲ့ ကြုံလိုက်ရချိန်မှာ ဒီကောင်လေးက သူ့ဘဝအတွက်အရေးကြီးဆုံးသူဆိုတာကို သိရှိလိုက်ရသည်။

Bossလေးက သူ့ခံစားချက်နဲ့ပတ်သက်ပြီး မေးလာတော့ ဝန်မခံလည်းရရဲ့သားနှင့် ဝန်ခံလိုက်မိသည်။

arloနဲ့ပတ်သက်ပြီး စိတ်ခံစားချက်ရှိလားဟု sorelမေးလိုက်ချိန်မှာ Jackကအဝေးတစ်နေရာကိုငေးကြည့်ရင်း ပြန်ဖြေသည်။

"arloသတိရလာရင်ရော ဖွင့်ပြောဖို့စိတ်ကူးရှိလား"

sorelအမေးကို jackတစ်ချက်တွေဝေသွားသည်။

"ဖွင့်ပြောချင်ပေမဲ့ ကျွန်တော့်မှာဖွင့်ပြောပိုင်ခွင့်မရှိဘူး။ ကျွန်တော်ကလူဆိုးတစ်ယောက်ဖြစ်တာကြောင့် တခြားတစ်ယောက်ကို ပွင့်ပွင့်လင်းလင်းချစ်လို့မရဘူး။ ဒီလောကထဲဝင်ပြီဆိုထဲက ချစ်ခြင်းမေတ္တာကို စွန့်ပစ်ခဲ့ရတယ်။ မဟုတ်ရင် ကျွန်တော်ချစ်ရတဲ့သူက ကျွန်တော့်ကြောင့်အခက်တွေ့သွားနိုင်လို့ပဲ။ arloကအခုမှ သေမင်းခံတွင်းဝက ပြန်ထွက်နိုင်လာတာ ကျွန်တော့်ရဲ့စိတ်ခံစားချက်ကြောင့် သူ့ကိုထပ်ပြီးအန္တရာယ်မကျရောက်စေချင်ဘူး"

sorel Jackကိုသေသေချာချာကြည့်လိုက်တယ်။

"ခင်ဗျားအပြောကြောင့် ကျွန်တော်ဟတ်ထိသွားပြီဗျာ။ arlo ဒီကောင် တော်တော်ကံကောင်းတဲ့ကောင်ပဲ"

bossပြုံးပြီးပြောလိုက်ပေမယ့် သူ့အပြုံးတွေထဲ အဖြေရှာမရသည့်ပုစ္ဆာတွေ ပါဝင်နေသလိုပင်။ မျက်ဝန်းလေးတွေကလည်း အနည်းငယ်အရည်လဲ့နေသည်။ Jackနဲ့bossတို့ပြောနေတာတွေ နားထောင်ပြီး ramsayလည်းအတွေးနယ်ချဲ့တော့သည်။

sorelတစ်ဖက်ကို စောင်းငဲ့ကြည့်လိုက်တော့မှ ramsayရှိနေတာကို သတိထားမိသွားသည်။ ခုနကစိုးရိမ်ပူပန်နေတာကြောင့် ဘေးကိုလည်းဂရုမစိုက်အားခဲ့။

"ramsay ထ သွားမယ်"

bossကသွားမယ်ပြောလို့ ramsayမှာထလိုက်လာခဲ့ရသည်။ bossသွားမယ်ဆိုတာ အိမ်ပြန်မယ်လို့ထင်ခဲ့တာ အခုတော့ဆေးရုံကုတင်ပေါ်မှာ ထိုင်နေရသည့်ramsay။

DestinéWhere stories live. Discover now