🍄Ep (46)🍄

13.6K 732 99
                                    

Dancing floorမှာကနေရင်း ramsayနဲ့အဘွားကြီးရဲ့လှုပ်ရှားမှုတွေကို အဝေးကနေလှမ်းအကဲခတ်နေသည့်sorel။ အဘွားကြီးခေါ်ရာနောက်ပါသွားသည့် ramsay၏ကျောပြင်ကိုလှမ်းကြည့်ရင်း sorelချက်ချင်းလိုက်သွားချင်ပေမဲ့ လိုက်လို့မရခဲ့ပေ။ ခုချိန်မှာစိတ်ထဲရှိသည့်အတိုင်းလုပ်လိုက်လျှင် စီစဉ်ထားသမျှတွေအကုန်သဲထဲရေသွန်သလိုဖြစ်ကုန်မည်။

ခန့်မှန်းထားသည့်အချိန်ထပ်ပိုပြီး ramsayဘက်မှအချက်ပြတာနောက်ကျနေသည့်အတွက်ကြောင့် sorelစိတ်ပူနေတာတော့အမှန်ပင်။ အပြင်ဘက်ကအစောင့်တွေဘယ်နှစ်ယောက်ရှိလဲရေတွက်ပြီး တိတ်တဆိတ်လက်စဖျောက်ကာ အထဲဝင်ဖို့ခြေလှမ်းနေသည့်sorelနားထဲသို့ kimအသံဝင်ရောက်လာသည်။

"boss ယောက်ဖကြီးဘက်ကဖိုင်တချို့ဝင်လာပြီ"

kim၏ရုတ်တရက်ထူဆန်းသည့်အသုံးအနှုန်းကြောင့် sorelမျက်မှောင်ကြုတ်မိသွားသည်။ kimတစ်ခုခုဖြစ်လို့များ သူ့ကိုစကားဝှက်နဲ့ဆက်သွယ်သလားဟု သံသယဝင်သွားရသည်။

"kim မင်းအဆင်ပြေရဲ့လား"

"ပြေတယ်လေ ဘာလို့လဲboss အာ... သိပြီ ramsayကိုယောက်ဖကြီးလို့ခေါ်လိုက်မိလို့မလား။ ဟီး ဘာမှဟုတ်ဘူး ဒီတိုင်းခေါ်ချင်လို့ခေါ်တာ"

"မခေါ်နဲ့ ငါမကြိုက်ဘူး။ သူ့ကိုယောက်ဖလို့ခေါ်ရအောင် မင်းမှာပေးစရာအစ်ကိုရှိလို့လား"

ကွန်ပျူတာမျက်နှာပြင်ထပ်က သုန်မှုန်နေသည့်bossမျက်နှာကို kimကအတိုင်းသားမြင်နေရတာကြောင့် စချင်နောက်ချင်စိတ်တို့ပေါ်လာရတော့သည်။

"ရှိတယ်လေ။ ကျွန်တော့်အစ်ကိုကတော်တော်ချောတာ ယောက်ဖကြီးမြင်ရင် သဘောကျလောက်တယ်"

bossရဲ့မျက်နှာက သဝန်တိုအူတိုလွန်းလို့မည်းမှောင်နေပြီဖြစ်သည်။

"ငါသိရသလောက် မင်းမှာအစ်ကိုမရှိဘူး။ ပေါက်ကရမပြောနဲ့ ပြောရင်မင်းကိုလျှာဖြတ်ပစ်မယ်"

"လျှာတော့မဖြတ်ပစ်ပါနဲ့ဗျာ။ ဒါလေးနဲ့လုပ်စားရဦးမှာမလို့ ကျွန်တော့်မှာအကိုရှိတာbossမသိဘူးလား။ သူက အွန်း... ဘယ်လိုပြောရမလဲ အဆဲအရမ်းပက်စက်ပြီး အပေါက်အရမ်းဆိုးတယ်။ ဒါပေမဲ့ စိတ်ထားလေးတော့ကောင်းရှာပါတယ်။ ရုပ်ရည်လေးလည်းချောတယ် မဆိုးဘူး။ ကိုယ်လုံးကိုယ်ပေါက်လှလှနဲ့ တင်သားဖြူဖြူလုံးလုံးကြီးတွေရှိတော့ ကျွန်တော့ယောက်ဖကြီးအတွက်ရှယ်ပဲ ဟဲ ဟဲ"

DestinéDonde viven las historias. Descúbrelo ahora