Ep (66)

5.1K 568 37
                                    

sorelစီးလာသည့်ကား တိုက်ခိုက်ခံရသည်ဟုသတင်းကြားသောအခါ Hugoဒေါသတို့ပေါက်ကွဲထွက်လာရတော့သည်။ သူစိုးရိမ်နေသည့်အခြေအနေက လက်တစ်ကမ်းစာမက နီးကပ်လို့လာပြီဖြစ်သည်။ ညနေကလေးတင် sorelအရောင်းအဝယ်သွားလုပ်မည့်နေရာ တိုက်ခိုက်ခံရပြီး အခုလည်းsorelစီးလာသည့်ကားကို တိုက်ခိုက်ကြပြန်သည်။

ယခုsorelကြုံတွေ့နေရသည့်အခြေအနေက hugoလူငယ်ဘဝတုန်းကကြုံတွေ့ခဲ့ရသည့်အခြေအနေပင်။ ယင်းအချိန်တွေတုန်းက hugoဝင်ရောက်ခဲ့သည့်ဂိုဏ်းနေရာကို လုဖို့အတွက် ဂိုဏ်းအတွင်းရောအပြင်မှာ ပုန်ကန်ထကြွမှုတွေဖြစ်အောင်လုပ်ခဲ့သည်။ တခြားသောဂိုဏ်းတွေနှင့် ပူးပေါင်းပြီး ဂိုဏ်းလုပွဲတစ်ခုဖန်တီးခဲ့သူမှာ hugoကိုယ်တိုင်ပင်ဖြစ်သည်။

ဂိုဏ်းခေါင်းဆောင်ကိုလုပ်ကြံသတ်ဖြတ်ပြီး ဂိုဏ်းနေရာယူခဲ့သည့်ရာဇဝင်ကို သူကိုယ်တိုင်ရေးထိုးခဲ့ဖူးသည်။ အခုတော့ထိုအခြေအနေက သူ့ထံတစ်ပတ်ပြန်လည်လာခဲ့ပြီထင်သည်။ sorelကြုံတွေ့နေရတာတွေက သူအရင်ကပြုလုပ်ခဲ့တာတွေနှင့်တစ်ပုံစံတည်းတူနေသည်။

ထိုအချိန်တုန်းက ဂိုဏ်းခေါင်းဆောင်ကိုလုပ်ကြံသတ်ဖြတ်ဖို့ ဂိုဏ်း၏အားအကိုးရဆုံးသူတွေကို hugoလိုက်လံသတ်ဖြတ်ခဲ့သည်။ ဂိုဏ်းခေါင်းဆောင်အားနည်းချိန်မှာ ဂိုဏ်းတစ်ခုလုံးကိုသိမ်းယူခဲ့ခြင်းဖြစ်သည်။

sorelကလည်း သူ့ဂိုဏ်းအတွက်အားအကိုးရဆုံး ဂိုဏ်းလောကထဲမှာလည်း ရက်စက်တဲ့နေရာမှာဂုဏ်သတင်းအကြီးဆုံးသူဖြစ်နေသည်မဟုတ်လား။ sorelကိုပစ်မှတ်ထားနေတယ်ဆိုတည်းက မကြာခင်မှာသူတို့ဂိုဏ်းတိုက်ခိုက်ခံရတော့မှာဖြစ်သည်။

"ဘေဘီက ဘာကိစ္စနဲ့အပြင်ထက်ထွက်သွားတာလဲ။ ငါပြန်လာတဲ့အချိန်တုန်းက သူအပေါ်ထပ်တက်သွားတာလေ။ ဒါတွေကြိုသိလို့ ဘေဘီ့ကိုကျွန်းမှာသွားနေလို့ပြောတာကိုကွာ ကျစ်"

hugo၏ဆောက်တည်ရာမရ စိုးရိမ်ပူပန်နေပုံကိုကြည့်ပြီး jackဝင်ပြောလာရတော့သည်။

"hugo မင်းစိတ်ကိုအေးအေးထား။ မင်းပိုပူပန်လေ ခေါင်းထဲမှာဘာအစီစဉ်မှ ပေါ်မလာလေဖြစ်လိမ့်မယ်။ အဲ့တော့မှ ငါတို့အကုန်ဒုက္ခရောက်ပြီး ပိုဆိုးသွားမယ်။ ငါ အတွင်းသတင်းတွေသွားနှိုက်ထားရသလောက်ဆို ဂိုဏ်းတော်တော်များများပူးပေါင်းပြီး ငါတို့ကိုဆွဲချဖို့ပြင်ဆင်နေကြတယ်"

DestinéWhere stories live. Discover now