Ep (32)

7.7K 772 63
                                    

သန္ဓေတားဆေးဆိုသည့်စာကိုမြင်ပြီး Hugoမျက်မှောင်တစ်ချက်ကျုံ့မိသွားသည်။ သူပဲအဖတ်မှားတာလားလို့ အခေါက်ခေါက်အခါအခါပြန်ဖတ်ရင်း ဖုန်းခေါ်လိုက်သည်။

"သန္ဓေတားဆေးဆိုတာ သေချာလား"

တစ်ဖက်မှဖုန်းပြန်ဖြေသူက

"ဟုတ်ကဲ့ သန္ဓေတားဆေးပါ"

"ဒီဆေးကယောကျာ်းလေးတွေရော သုံးလို့ရတာလား"

တစ်ဖက်မှဖုန်းဖြေသူဆီက အသံတိတ်သွားသည်။ ဖုန်းဖြေသူက Hugoအမေးကြောင့်ခဏတာကြောင်အသွားပုံရသည်။

"သန္ဓေတားဆေးဖြစ်တာကြောင့် ယောကျာ်းလေးတွေနဲ့ဘယ်လိုမှသက်ဆိုင်မှုမရှိပါဘူး Sir"

Hugoဖုန်းပြောပြီးတာနှင့် ဆေးပုလင်းအခွံကိုသေချာကြည့်ရင်း jackကိုလှမ်းခေါ်လိုက်သည်။

"Jack ငါ့ဆီခဏလာဦး"

ခဏအကြာမှာ jackအခန်းထဲဝင်လာသည်။

"jack မင်းဒီနေ့ဘေဘီ့ဆီသွားတယ်မလား။ မင်းမရောက်ခင် ဘေဘီ့ဆီဘယ်သူလာသွားသေးလဲ"

"bossသူငယ်ချင်းဒေါက်တာdim မနက်အစောကြီးလာသွားပါတယ်"

"ငါအဲ့တစ်ယောက်နဲ့တွေ့ချင်တယ် စီစဉ်ပေး။ ပြီးတော့ ငါဝယ်ခိုင်းထားတဲ့ကျွန်းကို ဝယ်ပြီးပြီလား"

"ဟုတ်ကဲ့ ဝယ်ပြီးပါပြီ။ Sirခိုင်းတဲ့အတိုင်း တခြားဘဏ်အကောင့်ကနေ ငွေချေပြီး ကျွန်းပိုင်ရှင်နာမည်ကိုလည်း တခြားသူနာမည်ထည့်ထားပါတယ်"

"ကျွန်းကို ဘယ်သူမှစိတ်မဝင်စားအောင်လုပ်ထားရင် အကောင်းဆုံးပဲ။ ရော့ ဒါကကျွန်းပေါ်မှာဆောက်ရမယ့်အဆောက်အအုံပုံစံ ဒါက decoration အတွက် ဒီပန်းပုရုပ်တွေကိုနာမည်ကြီးပန်းပုဆရာတွေဆီမှာ ပုံထဲကအတိုင်းအသေးစိတ်ကအစ တူအောင်ထုခိုင်း ပြီးရင်သူတို့အကုန်လုံးကို ကျွန်းနဲ့ပတ်သက်တဲ့အကြောင်း တစ်ခွန်းမှမဟဖို့ခံဝန်ထိုးခိုင်းပြီး ဟတာနဲ့သတ်ပစ်မယ်လို့ပြောထားလိုက်"

Jackဖိုင်တွဲကိုလှမ်းယူရင်း သူငယ်ချင်းဖြစ်သူကို မနေနိုင်စွာဝင်ပြောမိသည်။

"ဒါတွေအကုန်လုံး မင်းကိုယ်တိုင်ဆွဲထားတာမလား။ ရှင်းစရာပြဿနာတွေအများကြီးရှိတာကို မင်းအရမ်းအားယားနေတာလား"

DestinéWhere stories live. Discover now