sorelမှာမျက်မမြင်ဇာတ်ကို ကဖို့ကြိုးစားပေမဲ့ အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ramsayနှင့်သာ သက်ဆိုင်တော့သည်။ သူသရုပ်ဆောင်ကောင်းရင် မိမိတို့အစီအစဉ်အောင်မြင်မှာဖြစ်ပြီး သရုပ်ဆောင်မကောင်းရင်တော့ မီးစင်ကြည့်ကရမည်သာဖြစ်သည်။
တိတ်ဆိတ်ငြိမ်သက်စွာဝတ်ပြုနေသည့် ဘုရားကျောင်းထဲသို့ အမောတကောဖြင့်ဝင်ရောက်လာသည့် ဆင်းရဲနွမ်းပါးဟန်ရှိသည့်လူငယ်စုံတွဲတစ်တွဲ။ ဝတ်ပြုနေသူများက ဆူညံသံကြောင့်ဝတ်ပြုဆုတောင်းသည့်ခန်းမ၏ဝင်ပေါက်သို့ လှည့်ကြည့်လိုက်ကြသည်။
ကောင်မလေးက သူ၏ကောင်လေးလက်ကိုစမ်းတဝါးဝါးကိုင်ရင်း
"ဒါလင် ဟန်နီတို့လုံခြုံတဲ့နေရာရောက်ပြီလားဟင်"
ramsayမှာsorelသုံးနှုန်းလိုက်သည့် ဒါလင်ဆိုသောအမည်နာမကိုကြားသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သွားသကဲ့သို့ခံစားလိုက်ရပြီး နှလုံးသားမှာလည်းတရှိန်ထိုးဆောင့်ခုန်နေတော့သည်။
ramsayဆီမှအဖြေစကား ထွက်မလာတာကြောင့် sorelစိတ်ထဲကနေမိုးမွှန်အောင်ဆဲရင်း ramsayလက်မောင်းကို အားပြင်းပြင်းဖျစ်ညှစ်လိုက်သည်။ ချီးပဲ ငလူးနဲ့မှ အခုမှဘုရားကျောင်းထဲခြေချရုံရှိသေးတာလေ အလိမ်ပေါ်တော့မှာလားဟ။ ဒီမအေလူးလေးကို ငါဘာကြည့်ပြီးယုံစားခဲ့ပါလိမ့် arloနဲ့လာတာကမှ အဆင်ပြေဦးမယ်။
ramsayကsorel၏လက်ကို အသာအယာအုံ့မိုးဆုပ်ကိုင်ရင်း
"နောက်ဆုံးတော့ ကိုယ်တို့လုံခြုံစိတ်ချလို့ရတဲ့နေရာကို ရောက်လာခဲ့ပြီဟန်နီ"
ဘုရားကျောင်းထဲသို့နှစ်ဦးသား ဖြည်းဖြည်းချင်းဝင်လာခဲ့သည်။ ဝတ်ပြုနေသူတွေက သူတို့နှစ်ယောက်ကိုကြည့်ပြီး ခုခေတ်လူငယ်တွေများ အရိပ်သုံးပါးနားမလည်လိုက်ကြတာလို့ ခေါင်းရမ်းကာမှတ်ချက်ပြုနေတော့သည်။
နေရာလွတ်နေသည့်ခုံတန်းဆီသို့ ကောင်မလေးကိုဂရုတစိုက်ခေါ်ဆောင်လာသည့်ကောင်လေး။ ကောင်မလေးမှာခုံတန်းပေါ်ကိုထိုင်ဖို့ သူမ၏လက်ကလေးနှင့် ထိကိုင်ရင်းစူးစမ်းနေတော့သည်။
YOU ARE READING
Destiné
Action⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဇာတ်ကွက်များ ၊ ညစ်ညမ်းသောအသုံးအနှုန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သူများမဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️trigg...