Ep (70)

4.8K 431 11
                                    

အသက်မဲ့သွားတာကြာပြီဖြစ်သည့်ခန္ဓာကိုယ်ပိုင်ရှင်ဘေးမှာ သက်တောင့်သက်သာလဲလျောင်းရင်းမျက်စိမှိတ်သွားခဲ့သည့်Hugoကိုကြည့်ရင်း jackသက်ပြင်းမောကိုသာအကြိမ်ကြိမ်ချနေမိတော့သည်။ အလောင်းခွဲစိတ်စစ်ဆေးဖို့အတွက် မှုခင်းဆရာဝန်တွေရောက်လာချိန်မှာလည်း အလောင်းနှစ်ခု၏ပုံရိပ်ကြောင့် စိတ်မကောင်းဖြစ်ရပြန်သည်။

Hugoကသူ့နံဘေးရှိခန္ဓာကိုယ်ပိုင်ရှင်၏လက်တွေကို တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့သည်။ Hugoဒဏ်ရာမှထွက်သည့်သွေးတွေကလည်း ခိုင်မြဲစွာတွဲထားသည့်လက်တစ်စုံအောက်ထိ စီးဆင်းထားပုံက သွေးသစ္စာတည်သွားသယောင်ပင်။

မှုခင်းဆရာဝန်တွေက အလောင်းတစ်လောင်းစီယူသွားဖို့လုပ်ပေမဲ့ Hugoလက်ကိုဖြုတ်မရသောကြောင့် အခက်တွေ့နေကြသည်။ ဆရာဝန်တွေက ထိုလက်ကိုကြိုးစားဖြုတ်ယူရင်း

"ဒီဘက်ကတစ်ယောက်က တော်တော်အချစ်ကြီးပုံပေါ်တယ်။ ကျွန်တော်တို့လက်ဆွဲဖြုတ်နေတာကြာပြီ မရသေးဘူး"

ramsayမျက်မှောင်ကုတ်ရင်း jackအနားတိုးကပ်ပြီးမေးလိုက်လေသည်။

"jack ဒီဘက်ကသူကဘယ်သူမလို့ hugoအရမ်းချစ်သွားရတာလဲ"

"sorelဖေဖေလေ samuelကိုhugoကငယ်ငယ်လေးတည်းကချစ်တာ...."

jackကဖြစ်ကြောင်းကုန်စင်တွေ ပြောပြပြီးချိန်မှာ ramsayတစ်ယောက်ငေးငိုင်ကျသွားတော့သည်။ ခေါင်းထဲမှာလည်းမေးခွန်းပေါင်းများစွာဖြင့် ရှုပ်ထွေးနေတော့သည်။

sorel၏အမှုကိစ္စနှင့်ပတ်သက်ပြီး ramsayကိုအေးဂျင့်ဌာနက စုံစမ်းစစ်ဆေးမှုတွေထပ်မံပြုလုပ်ပြန်သည်။ sorelကအတိတ်မေ့သူတစ်ယောက်ဖြစ်တာကြောင့် နည်းမျိုးစုံနှင့်စစ်ဆေးသော်လည်း လိုချင်သည့်ရလဒ်ကို မရရှိခဲ့ပေ။ ထို့ပြင်sorelကိုပြင်းထန်စွာစစ်ဆေးမေးမြန်းခြင်းမပြုရန်နှင့် ထောင်ဆေးရုံမှာသာအစောင့်အရှောက်တွေဖြင့် ပြောင်းရွှေ့ထားသောကြောင့် စုံထောက်အရာရှိတွေမှာ စစ်မေးချင်တိုင်မေးခွင့်မရဖြစ်နေသည်။

sorelကိုနည်းနည်းလေးအော်ငေါက်မိသည်နှင့် ဆရာဝန်တွေချက်ချင်းရောက်လာပြီး တားမြစ်တတ်သေးသည်။ ဒါတင်မကသေးဘဲ အကြီးဆုံးအထက်အရာရှိဆီမှလည်း စုံထောက်တွေသတိပေးခြင်းခံရပြန်သည်။ ထို့ကြောင့်sorel၏အနားမှာ အနီးကပ်ရှိနေသူတစ်ယောက်လည်းဖြစ် မျက်မြင်သက်သေတစ်ယောက်လည်းဖြစ်သည့်ramsayကိုသာ အတင်းအကျပ်စစ်မေးရတော့သည်။

DestinéWhere stories live. Discover now