အခန်းထဲမှာပဲ ပိတ်လှောင်ခံထားရတဲ့sabinaတစ်ယောက် အပြင်ကအကြောင်းတွေကို အထိန်းတော်ကြီးပြောပြလို့ သိရပေမဲ့ ဒီအင်္ဂလိပ်လူမျိုးတွေကို ဘယ်လိုပုန်ကန်ရမလဲဆိုတာ အစီစဉ်ဆွဲမရဖြစ်နေသည်။
ဘာလို့ဆို တစ်မြို့လုံးကိုအစောင့်ဘယ်နှစ်ယောက်ချထားတယ် ဘယ်အချိန်တွေမှာလူလဲတယ် သူတို့ဘာတွေလုပ်နေတယ်ဆိုတာကို အထိန်းတော်ကြီးကအတိအကျသတင်းမပေးနိုင်ဘူး။
ညတိုင်းအူကြောင်ကျားကောင်ရဲ့ ဘေးမှာအိပ်နေရတာကလဲ ငရဲတစ်မျိုးပဲ။ အမြင်ကပ်ကပ်နဲ့ အိပ်ရင်းယောင်သလိုလုပ်ပြီး ကုတင်ပေါ်ကကန်ချလည်း ပေတေပြီးလာအိပ်တဲ့သူ ယောကျာ်းလေးပါလို့ပြောပြီးတည်းက အရင်ထပ်ပိုပြီးကိုနီးကပ်နေတော့တာပဲ။
"သခင်လေး"
ဟိုငနဲသားအကြောင်း တွေးနေတုန်း အထိန်းတော်ကြီးဝင်လာတာကြောင့် အတွေးတွေခဏရပ်ပြီး
"ဘာဖြစ်လို့လဲ အထိန်းတော်"
"အခုလေးတင် သတင်းရလာတာ သခင်ကြီးရဲ့ညာလက်ရုံးတစ်ယောက် ခုနလေးတင်ကမှမြို့ထဲကို ခိုးဝင်လာတယ်လို့ကြားတယ်"
"ဘာ...... သတင်းကသေချာလား"
"သေချာပါတယ်"
"ကျွန်တော့်ကို သူနဲ့တွေ့လို့ရအောင်စီစဉ်ပေးနိုင်မလား"
"သခင်လေးခြေထောက်ကို သံကြိုးကြီးနဲ့ခတ်ထားတာ ကျွန်တော်မျိုးမက ဘယ်လိုစီစဉ်ပေးရမှာလဲ"
"ကျွန်တော်သိရသလောက် ဒယ်ဒီရဲ့ညာလက်ရုံးက ဆေးပညာမှာကျွမ်းကျင်တယ်ပြောတယ်။ အဲ့တော့ကျွန်တော်ဗိုက်အောင့်နေတယ်လို့ပြောပြီး သူ့ကိုဆေးဆရာအယောင်ဆောင်ပြီး ခေါ်ခဲ့ ကျန်တဲ့ကိစ္စကျွန်တော်ရှင်းလိုက်မယ်"
အထိန်းတော်က ကျွန်တော်ဗိုက်အောင့်နေတယ်ပြောတော့ ရဲမက်တွေကမယုံသင်္ကာနှင့် အခန်းထဲလာကြည့်သည်။
"အား ဗိုက်နာတယ် အား.... ဆေးဆရာခေါ်ပေး"
အင်္ကျီကို ကပိုကရိုလေးလုပ်ကာအတွင်းသားအချို့ဖော်ပြီး ဟန်ဆောင်ပြလိုက်တော့ ကျွန်တော့်အလှမှာမြောပြီး တကယ်ထင်သွားကြတယ်။
YOU ARE READING
Destiné
Action⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဇာတ်ကွက်များ ၊ ညစ်ညမ်းသောအသုံးအနှုန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သူများမဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️trigg...