Ep (33)

6.2K 716 50
                                    

ramsayအနေဖြင့် သူ့နားကိုသူမယုံပေ အံ့ဩမှုများနှင့် ဆရာဖြစ်သူကိုပြန်မေးမိသည်။

"ဆရာ သေချာလို့လား"

ဆရာဖြစ်သူကအကြည့်စူးစူးဖြင့် ramsayကိုပြန်ကြည့်ရင်း

"ငါ့တပည့်မတစ်မိသားစုလုံး ရက်ရက်စက်စက်အသတ်ခံရလို့ ငါကိုယ်တိုင်စုံစမ်းခဲ့တဲ့အမှုပါ မသေချာဘဲရှိပါ့မလားကွ အမှုဖြစ်ဖြစ်ချင်းသက်သေတွေအကုန်စုဆောင်းနိုင်ခဲ့လို့ တရားခံကိုဖမ်းဖို့ပဲလိုတော့တာမှာ ဝရမ်းထုတ်ဖို့တွန့်ဆုတ်နေကြလို့ ရဲဌာနမှာလုံလုံခြုံခြုံရှိနေတဲ့သက်သေတွေက ခြေထောက်ပေါက်ပြီးပျောက်သွားတာပဲ"

ဆရာဖြစ်သူအပြောကြောင့် ramsayမျက်မှောင်ကျုံ့မိသွားသည်။

"ဒါဆိုဒီအမှုက အကြီးပိုင်းတွေလက်ချက်လည်း ပါတာပေါ့"

"သိပ်ဟုတ်တာပေါ့ကွာ လာဘ်စားပြီး အမှုကိုသက်သေမရှိနဲ့ပိတ်သိမ်းလိုက်တာပဲ ကျည်ခွံတွေက ငါ့လက်ထဲမှာရှိနေရဲ့သားနဲ့ ငါစောက်သုံးမကျခဲ့တာ ဌာနကိုသာမအပ်ခဲ့ရင် အဲ့ကောင်သေနတ်ကကျည်ဆံရာနဲ့ အဲ့ကောင်ကို ဖမ်းနိုင်မှာသေချာတယ်"

ramsayဘာကြောင့်မှန်းမသိ သူ့စိတ်နှလုံးသားထဲအထိပါ ဒေါသတွေပျံ့နှံ့သွားတော့သည်။ လက်တစ်ဖက်က အမှုတွဲဖိုင်ကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်က လက်သီးတင်းတင်းဆုပ်ထားသည်မှာ သွေးကြောတွေပေါက်ထွက်တော့မလိုပင်။

"ကျွန်တော် ဒီအမှုတွဲဖိုင်ကို ယူသွားလို့ရလားဆရာ"

"မရဘူး။ ငါအခုထုတ်လာတာတောင် ခဏပဲယူကြည့်တာလို့ပြောပြီးထုတ်လာတာ။ အမှုတွဲဖိုင်တွေဒီအတိုင်းယူသွားလို့မရတာ မင်းလည်းသိသားနဲ့"

ramsayမျက်ခုံးတစ်ချက်ကျုံ့လိုက်ရင်း

"ကျွန်တော်သတိလက်လွတ်ဖြစ်ပြီး အမှုတွဲဖိုင်ယူချင်ရင် တာဝန်ခံလက်မှတ်ထိုးရတာကို မေ့သွားတာဆရာ"

ramsayအမှုတွဲဖိုင်၏ အရေးကြီးသည့်အချက်တွေကိုသာ ဓာတ်ပုံရိုက်သွားလိုက်ကာ ဈေးဝယ်ပြီးပြန်လာခဲ့လိုက်သည်။ ramsayအိမ်ပြန်ရောက်ချိန်မှာ ခြံဝန်းကြီးတစ်ခုလုံးတိတ်ဆိတ်လို့နေသည်။ တစ်ခါတလေလည်း ခြံဝန်းကဒီလိုတိတ်ဆိတ်နေတတ်တာကြောင့် လျစ်လျူရှုထားလိုက်ပြီး ဝယ်လာတာတွေကို ရေခဲသေတ္တာထဲစီထည့်နေလိုက်သည်။

DestinéWhere stories live. Discover now