Ep (76)

5K 546 27
                                    

sorelကအမျိုးသားကိုယ်ဝန်ဆောင်ဖြစ်တာကြောင့် ကလေးမွေးနေစဉ်အတောအတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်သည်။ ဒါတွေကိုကြိုတင်ပြီးစိုးရိမ်တာကြောင့် ဆရာဝန်တွေနှင့်ဆွေးနွေးတိုင်ပင်ရတိုင်း sorelကိုသာဦးစားပေး ကယ်တင်ပေးဖို့ramsayအမြဲတောင်းဆိုခဲ့သည်။

ကလေးတွေအသက်ရှင်ဖို့ထက် sorelအသက်ရှင်ဖို့ကိုသာ ပိုဦးစားပေးသည်။ ကလေးတွေကထက်ယူချင်ရင် ရသေးသည်။ sorelဆိုသည့်ramsayချစ်ရသည့်လူသားလေးကိုတော့ ဒီတစ်ကြိမ်လက်လွှတ်လိုက်ရလျှင် ဘယ်အချိန်ထိထပ်စောင့်ရမလဲramsayမသိပေ။ အနားမှာရှိနေစဉ်အချိန်လေးကို တတ်နိုင်သမျှအစွမ်းကုန်ချစ်ပေးချင်သည်။

ခွဲခန်းထဲဝင်ခါနီးအချိန်အထိ တတ်နိုင်သမျှsorelကိုသာကယ်တင်ပေးဖို့ သတိပေးတောင်းဆိုခဲ့ပေမဲ့ ဖြစ်မလာခဲ့ပေ။ မေ့မြောနေသည့်ခန္ဓာကိုယ်လေးသာ ခွဲခန်းထဲကထွက်လာခဲ့သည်။ ဆရာဝန်တွေကဘယ်လောက်ပဲ သတိရလာပါမယ်ပြောပြော ramsayအနေဖြင့်မယုံကြည်နိုင်ပေ။

ramsay၏မိဘတွေက ယခုလိုသတိလစ်မေ့မြောရင်းကနေ သူ့ကိုထားသွားခဲ့ကြတာမဟုတ်လား။ သူချစ်ရတဲ့သူကရော ဒီလိုထပ်ပြီးထားမသွားနိုင်ဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ။

ငြိမ်သက်စွာလဲလျောင်းနေသည့်ချစ်ရသူ၏လက်ဖမိုးလေးကို ဆုပ်ကိုင်ရင်းramsayခေါင်းထဲဗလာသက်သက်ဖြစ်နေသည်။ အပူအပင်ကင်းစွာအိပ်ပျော်နေသူလေးကြောင့် ဘာကိုမှဆက်မတွေးနိုင်သည်အထိပင်။ ကုတင်ပေါ်ခေါင်းလေးစောင်းတင်ရင်း sorelမျက်လုံးဖွင့်လာမလားဟု ramsayစောင့်ကြည့်နေမိသည်။

အချိန်တွေဘယ်လောက်ကုန်သွားတယ်ဆိုတာကို ramsayသတိမထားမိပေ။ ဒီလူသားလေးနားမှာရှိနေလျှင် အချိန်တွေဘယ်လိုကုန်သွားမှန်းမသိတာတော့အမှန်ပင်။ အနားကိုdimရောက်လာပြီး စကားပြောတော့မှ

"ramsay မင်းသူ့နားမှာနေတာကြာနေပြီလေ။ မင်းကလေးတွေကို သွားကြည့်လိုက်ပါဦးကွာ။ တကယ့်ချစ်မွှေးလေးတွေ သူတို့ကိုမြင်တာနဲ့ မင်းစိတ်သက်သာရာရသွားမှာ"

စိတ်ဓာတ်ကျနေသည့်ramsayကို အခန်းထဲကအတင်းဆွဲထုတ်ပြီး ကလေးလေးတွေထားသည့်အခန်းသို့ခေါ်လာခဲ့လိုက်သည်။ အခန်းတစ်ခန်းရှေ့မှာ kimနှင့်arloကပုံစံမျိုးစုံဖြင့် အခန်းထဲမှကလေးငယ်တွေကို ချော့မြူနေလေသည်။ အဝေးကမြင်နေရသူအတွက်တော့ အရူးနှစ်ယောက်ကိုမြင်နေရသလိုပင်။

DestinéWhere stories live. Discover now