Ep(2)

24.1K 961 8
                                    

Ramsayတစ်ယောက် ဌာန၏အမိန့်အရဂိုဏ်းကြီးတစ်ခုထဲဝင်ဖို့ကို ပြင်ဆင်နေရသည်။ သူလည်းအန္တရာယ်ကင်းကင်းနှင့် ဝင်ရောက်နိုင်ရမည်။ တစ်ဖက်သူလည်းမရိပ်မိအောင် အသေးစိတ်အစီအစဉ်ဆွဲနေရသည်။

ကံကောင်းချင်တော့ အခွင့်အရေးတစ်ခုက သူ့ရှေ့ကိုရောက်လို့လာခဲ့သည်။ မူးယစ်ဆေးအရောင်းအဝယ်လုပ်ရန်ဖြစ်သည်။

"Mr.R နောက်နှစ်ရက်နေရင် ELဂိုဏ်းကအရောင်းအဝယ်လုပ်မယ်ကြားတယ်။ သူတို့ဘက်က ဆေးတွေက အရည်အသွေးပြည့်မှီတယ်။ စိတ်ချရတယ် Mr.Rဝယ်လိုက်တာပိုကောင်းမယ် ကျွန်တော်တို့တွေအကျိုးအမြတ်ပိုရတာပေါ့"

"အိုခေလေ ဝယ်လိုက်ကြတာပေါ့ ပိုက်ဆံဘယ်လောက်ကျန်သေးလဲ ကျန်တာအကုန်ထုတ်ပြီးဝယ်လိုက်"

"ဟုတ်ကဲ့ Mr.R"

Ramsayအနေနဲ့ ဒီလောကထဲဝင်တည်းက သူ့နာမည်အရင်းကိုထုတ်မပြောခဲ့ပေ။ Rဆိုသည့်နာမည်တစ်လုံးနဲ့သာ ရပ်တည်နေခြင်းသာဖြစ်သည်။ ယခုသူ့ကိုအကြံပေးနေတဲ့ကောင်ကလည်း သစ္စာရှိတဲ့လူစားထဲကတော့မဟုတ်ဘူး....။

ဘယ်နည်းနဲ့မဆို သစ္စာဖောက်မဲ့ကောင်မျိုး သူတွေးတာမမှားဘူးဆိုရင် ဒီကောင်သူ့ပိုက်ဆံတွေနဲ့ ဆေးတွေကိုအလစ်သုတ်ပြေးမယ်လို့ ထင်နေသည်။ အဲ့ဒါကြောင့် ရှိသမျှပိုက်ဆံအကုန်သုံးခိုင်းလိုက်ခြင်းဖြစ်သည်။

မနက်လိုဆို ဆေးအရောင်းအဝယ်လုပ်တော့မည့်ညမှာ Ramsayအိပ်မက်တစ်ခုမက်ခဲ့သည်။ ရှေးဟောင်းအဝတ်အစားတွေနှင့် နီညိုရောင်ဆံနွယ်ရှည်ပိုင်ရှင်၏ နွေးထွေးသည့်အပြုံးတွေကို သူငေးကြည့်နေခဲ့မိသည်။

သိပ်ကိုလှပလွန်းတဲ့ အပြုံးတွေပေါ့......။ အဲ့အပြုံးတွေဟာ သူ့ဆီကိုပါကူးစက်လို့လာခဲ့တယ် ပြောရမလားပဲ။ သူပါရောယောင်ပြီးပြုံးမိသည်အထိ သိပ်မကြာပါဘူး ထိုအပြုံးပိုင်ရှင်လေးက သူ့ရှေ့မှာကာဆီးပြီး သွေးသံရဲရဲနှင့် သူ့ကိုအလှပဆုံးပြုံးပြသွားခဲ့သည်။ ရင်ဘတ်မှာလည်း မြှားတွေဗရပွနဲ့.....

Ramsayအိပ်မက်ကနေ အလန့်တကြားနိုးထလာခဲ့သည်။ ရင်ထဲမှာတင်းကြပ်တဲ့ခံစားမှုနဲ့အတူ အရာအားလုံးကိုဆုံးရှုံးလိုက်ရသလို ခံစားနေရသည်။

DestinéWhere stories live. Discover now