Intro

142K 2.4K 30
                                    

ခရစ်တော်ပေါ်ပြီးနောက် လေးရာစုနှစ်သို့ရောက်သည့်အခါမှာ တျူတန်လူမျိုးစုတို့က ဂေါ်လတိုင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

မူလလူမျိုးစုတွေထဲကမှ ဖရန့်(စ)လို့ခေါ်သည့်လူမျိုးစုတွေက စိန်းမြစ်ဝှမ်းတစ်လျှောက်နှင့်ပြင်သစ်ကျွန်းဒေသတို့မှာ အခြေစိုက်နေထိုင်ကြသည်။

ခရစ်နှစ်၈ဝဝပြည့်နှစ်မှာ ဖရန့်(စ)လူမျိုးစုတွေ၏ဘုရင်ဖြစ်သည့် ရှာလမိန်းဘုရင်ကြီးက လူမျိုးစုတို့ကို ညီညွတ်စေပြီး မူလနယ်နိမိတ်ထက်နှစ်ဆမျှကျယ်သည့် ခရစ်ယာန်သာသနာစောင့် အနောက်ရောမဧကရာဇ်နိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သည်။

၁၄ရာစုကိုရောက်သည့်အခါ အင်္ဂလိပ်နှင့်ပြင်သစ်တို့က နှစ်တရာစစ်ပွဲကို ဆင်နွှဲကြသည်။ ထိုစစ်ပွဲတွင် ၁၄၃၁ခုနှစ်မှာ အင်္ဂလိပ်တို့က ဂျုန်းအော့အတ်(Joan of Ark)လို့ခေါ်သည့် အမျိုးသမီးစစ်သူကြီးကိုမီးစင်တင်ပြီး မီးရှို့သတ်ဖြတ်ခဲ့ကြသည်။

စစ်ပွဲကြီးပြီးသည့်အချိန်မှာ ပြင်သစ်တို့ကအင်အားပိုမိုကြီးထွားလာခဲ့သည်။

၁၄၃၁ခုနှစ်တွင် ကောင်းကင်မှလှပစွာကြယ်တွေစုံသည့်ညတစ်ညမှာ nantesလို့ခေါ်သည့်မြို့ငယ်လေးထဲ မြို့စားကတော်မီးဖွားခါနီးမို့ မြို့သူမြို့သားတွေဟာ ရင်ခုန်စိတ်လှုပ်ရှားစွာနှင့်စောင့်မျှော်နေကြသည်။

သားယောကျာ်းလေးမွေးဖွားပါစေလို့လည်း ခရစ်တော်ထံမှာတောင်းဆုပြုနေကြသည်။ သူတို့စောင့်မျှော်နေသည့်ကလေးလေး လူ့လောကထဲကိုစတင်ဝင်ရောက်လာချိန်မှာ ကလေး၏မိခင်ကလူ့လောကထဲကနေ အပြီးတိုင်ထွက်ခွာသွားခဲ့သည်။

မြို့စားကတော်၏အထိန်းတော်ဆီမှ ကြားလိုက်ရသည်က မိန်းကလေးမွေးသည့်အကြောင်းဖြစ်သည်။ မြို့သူမြို့သားတွေမှာ သူတို့မျှော်လင့်ထားသလို ယောကျာ်းလေးမဟုတ်တာကြောင့်လွန်စွာဝမ်းနည်းနေချိန် မြို့စားကတော်ဆုံးပါးသွားပြီးဟု ထပ်မံကြားသိရသည့်အခါ ပူဆွေးဝမ်းနည်းကြကုန်သည်။

အထိန်းတော်ကမြို့စားမင်းကို ကြောက်ကြောက်လန့်လန့်နှင့် ကလေးကို သူမှားယွင်းစွာအတည်ပြုမိကြောင်းပြောတဲ့အခါ....

DestinéWhere stories live. Discover now