Ep (39)

5.6K 707 27
                                    

ramsay အဘိုးဆီကရသည့်လိပ်စာနှင့် ဆရာ့တပည့်မလေး၏လိပ်စာတို့တူနေတာကြောင့် ခပ်မြန်မြန်ပင်taxiငှားပြီးထိုအိမ်နေရာကို ထွက်လာလိုက်သည်။ အိမ်နေရာကမြို့နှင့်အလှမ်းဝေးပြီး လူသူအရောက်နည်းပုံပင်။

ထိုနေရာကိုရောက်သွားချိန်မှာ ညနေစောင်းချိန်ဖြစ်ပြီး ခြံဝင်းလေးထဲမြက်ရိုင်းတွေပြည့်နေတာကြောင့် အိမ်ကိုပင်လှမ်းမမြင်ရပေ။ ကျိုးပဲ့ပျက်စီးနေပြီဖြစ်သည့်ခြံတံခါးလေးကို တွန်းဖွင့်ဝင်ဖို့လုပ်ချိန်မှာ ဘေးနားကဖြတ်သွားတဲ့အမျိုးသမီးကြီးတစ်ယောက်မှ

"ကောင်လေး မင်းအဲ့အိမ်ထဲမဝင်နဲ့ သရဲအရမ်းခြောက်တာနော်။ အဲ့အိမ်ထဲဝင်ပြီးပြန်ထွက်လာတဲ့သူတွေက နေမကောင်းဖြစ်ကြတာများတယ်။ မင်းလာရာလမ်းအတိုင်း ပြန်သွားလိုက်တာကောင်းပါတယ်ကွယ်"

စေတနာအပြည့်ဖြင့်ပြောနေသောအမျိုးသမီးကြီးကို ramsayပြုံးပြရင်း

"ကျွန်တော်သိချင်တာလေးရှိလို့ ဒီအိမ်ကိုလာတာပါ။ ခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

အမျိုးသမီးကြီးကိုကျေးဇူးတင်စကားပြောပြီးတာနှင့် ခြံထဲသို့ခြေချလိုက်သည့်ramsay။ ခြံထဲကိုခြေချလိုက်သည်နှင့် ramsayတစ်ကိုယ်လုံးကြက်သီးမွေးညင်းတွေထောင်ထကုန်သည်။ လူသူမဝင်ရောက်တာကြာပြီဖြစ်တာကြောင့် အိမ်သို့သွားသည့်လမ်းလေးမှာပင် မြက်ရိုင်းတွေဖြင့်ဖုံးလွှမ်းနေတော့သည်။

မြက်ရိုင်းတွေဖြတ်ကျော်လို့အပြီးမှာ အိုဟောင်းနေပြီဖြစ်သည့်အိမ်လေးတစ်လုံးကိုတွေ့ရပြီဖြစ်သည်။ အိမ်လေးကိုမြင်မြင်ခြင်းမှာ ramsayစိတ်ထဲကြောက်စိတ်ဆိုတာထက် နွေးထွေးမှုလှိုင်းလေးတစ်ခုဖြတ်ပြေးသွားသည်။ အိမ်တံခါးတွန်းဖွင့်လိုက်ချိန်မှာ အိုးဟောင်းနေတာကြောင့် တံခါးအသံကိုပင်ကြားနေရသည်။ ညနေနေဝင်ရီတရောအချိန်ဖြစ်တာကြောင့် အိမ်ထဲမှာမှောင်မည်းလို့နေသည်။

ramsayသူ့အိတ်ထဲမှလက်နှိပ်ဓာတ်မီးထုတ်ပြီး အိမ်ထဲသို့ဖြည်းဖြည်းချင်းဝင်လာခဲ့သည်။ အိမ်ထဲဝင်ဝင်ခြင်းမှာပင် ပုတ်သိုးသိုးအနံ့တစ်ခုက ramsayကိုကြိုဆိုသည်။ ထိုအနံ့ကိုramsayမမှု ဧည့်ခန်းထဲသို့ဆက်လျှောက်သွားလိုက်သည်။ ဧည့်ခန်းထဲဝယ် ဟောင်းနွမ်းနေသည့်ကလေးကစားစရာအချို့နှင့် ထိုးလက်စသိုးမွှေးထည်လေးက ကြမ်းပြင်ပေါ်ပြုတ်ကျနေသည်။

DestinéWhere stories live. Discover now