Ep (65)

4.9K 552 50
                                    

အရောင်းအဝယ်ကိစ္စနှင့် bossချိန်းဆိုထားသည့်နေရာမှာ အလစ်ဝင်တိုက်ခိုက်ခံရသည့်အပြင် ပေါက်ကွဲမှုအချို့လည်းဖြစ်ခဲ့တာကြောင့် Sir Hugoကramsayကို မေးမြန်းစစ်ဆေးဖို့အိမ်ကိုရောက်လာခဲ့သည်။ hugoအိမ်ထဲရောက်သည်နှင့် sorelကိုခေါင်းအစခြေအဆုံး သေချာစစ်ဆေးပြီး ဘာမှမဖြစ်ဘူးဆိုမှ နဖူးပေါ်အနမ်းတစ်ချက်ပေးကာ

"ဘေဘီ ကိုယ်နဲ့အတူလာနေပါလား။ အခုအခြေအနေအတိုင်းဆို ဘေဘီအရမ်းအန္တရာယ်များနေပြီ"

sorelမျက်နှာကိုမဲ့ရွဲ့ပြရင်း

"ကျွန်တော်က အမြဲအန္တရာယ်တောထဲအလုပ်လုပ်နေရတဲ့သူပဲလေ။ ဘာတွေစောက်ဂရုစိုက်နေရဦးမှာလဲ။ ကျွန်တော့်ကိုတိုက်ခိုက်ချင်ရင် ကိုယ်တိုင်လာတိုက်ခိုက်ကြလေ။ နောက်ကွယ်ကနေ ချောင်းမြောင်းတိုက်ခိုက်နေကြတာကိုများ သူတို့ကိုသူတို့အရမ်းသတ္တိရှိနေတယ် ထင်နေကြတာ"

hugoသက်ပြင်းမောကိုချရင်း

"တရားခံရှာမတွေ့မချင်း ဘေဘီကိုယ်တို့အိမ်မှာခဏသွားနေပါလား။ ကိုယ့်စိတ်ထဲသိပ်မသင်္ကာဘူး။ ဂိုဏ်းတချို့ပူးပေါင်းသွားတယ်ဆိုတဲ့သတင်းလည်း ကိုယ်ကြားမိတယ်။ မကြာခင်တစ်ခုခုဖြစ်လာတော့မယ်လို့ ကိုယ်ထင်နေတယ်။ ဘေဘီရှောင်နေလိုက်တာ အကောင်းဆုံးပဲ"

တစ်ခုခုဖြစ်လာတော့မည်ဆိုသည့်အသံလည်းကြားရော sorelမျက်ဝန်းလေးတွေတောက်ပလာကာ ပြုံးရွှင်သွားတော့သည်။

"ကျွန်တော်ဆယ်ကျော်သက်အရွယ်တုန်းကလို ဖြစ်တော့မှာလား။ ဒါဆိုရင်တော့ ကျွန်တော်ပျော်ပျော်ကြီးဆင်နွှဲဦးမှာ။ အဲ့ပွဲတုန်းက ဒယ်ဒီ့ကြောင့်မပါလိုက်ရတာကို ရင်နာလို့မဆုံးဘူး"

Hugoကsorelရဲ့ပါးဖောင်းဖောင်းလေးတွေကို ဖျစ်ညှစ်ရင်း

"အန္တရာယ်များတယ်။ ဝင်ပါဖို့မစဉ်းစားနဲ့ဘေဘီ။ ဘေဘီခုတလော ဝလာသလိုပဲ။ ပါးလေးတွေဖောင်းကားနေတာပဲ"

Hugoမနေနိုင်စွာ sorel၏ပါးဖောင်းဖောင်းလေးတွေကို နမ်းရှိုက်လိုက်လေသည်။ sorelကတော့အနမ်းခံနေရင်း ramsayဘက်ကိုမျက်စပစ်ပြကာ

"ကျွန်တော့်မှာ စိတ်ချမ်းသာစရာလေးရှိနေလို့လေ"

ramsayကိုရည်ညွှန်းမှန်းလည်းသိရော Hugoချက်ချင်းဆိုသလိုပင် ramsayဘက်ကိုလှည့်လိုက်သည်။

DestinéWhere stories live. Discover now