ကျွန်တော့်မှာ ဒဏ်ရာရှိနေတာကြောင့် အတင်းပြန်နားခိုင်းနေတဲ့ Boss သူနားဖို့တောင်မစဉ်းစားမိဘူးထင်တယ်။ ကျွန်တော့်ကိုပြောပြီးတာနဲ့ arloကိုအခန်းတစ်ခု ပြင်ဆင်ပေးဖို့ ခိုင်းလိုက်ပြန်သည်။ Bossကအပြင်ပြန်ထွက်သွားတာကြောင့် Bossနောက်ကိုလိုက်ဖို့ လုပ်ပေမယ့် အပြင်ရောက်တာနဲ့ အရိပ်အယောင်ပင် မတွေ့တော့။
ခဏအကြာမှာ ခြံထဲကားတစ်စီး ဝင်လာပြီး ကားပေါ်က ဆင်းလာသူကြောင့် အားလုံးပြာယာခတ်ကုန်သည်။ ပြာယာခတ်နေကြတဲ့ သူထဲတွင် arloလဲပါသည်။
"ဥက္ကဋ္ဌကြီး ရောက်လာတာမြန်လိုက်တာ"
ဒေါသတကြီးနဲ့ ဆင်းလာသူက
"အကုန်လူစုခိုင်းလိုက်စမ်း"
မြက်ခင်းပြင်ပေါ်တွင် ခြံထဲကရှိသမျှလူအားလုံး တန်းစီရပ်နေကြသည်။ အားလုံးရဲ့မျက်နှာတွေဟာ ထိတ်လန့်လို့။ ဥက္ကဋ္ဌကြီးဆိုသူက တုတ်တစ်ချောင်းဆွဲပြီး သူ့ရှေ့မြင်မြင်သမျှလူ အကုန်သိမ်းကျုံးရိုက်တော့သည်။
"ဥက္ကဋ္ဌကြီး ကျွန်တော်တို့မှားသွားပါတယ်"
"မှားတယ်လို့ ပြောရုံနဲ့ ပြီးသွားတဲ့ကိစ္စမဟုတ်ဘူး ငါ့ပစ္စည်းတစ်ခုဆုံးရှုံးတာနဲ့ မင်းတို့တွေအသေပဲ ပစ္စည်းစာရင်းတွေ ယူလာခဲ့စမ်း"
ထိုသို့ပြောလိုက်သည်နှင့် arloမှာမျက်လုံးပြူးရင်း စကားကိုအထစ်ထစ် အငေါ့ငေါ့ဖြင့် ရှင်းပြရပြန်သည်။
"ဥက္ကဋ္ဌကြီး ဟို....ဟိုလေ ကျွန်တော်တို့ ခုနကမှ အခြေအနေတည်ငြိမ်ရုံရှိသေးတာဆိုတော့ ပစ္စည်းစာရင်းတွေ မစစ်ရသေးပါဘူး"
ဥက္ကဋ္ဌကြီးက စိတ်တိုတိုဖြင့်ရှင်းပြနေသည့် arlo၏ပါးကို အားပြင်းပြင်းဖြင့်ပိတ်ရိုက်လိုက်သည်။ ရိုက်တဲ့အား ပြင်းလားမပြင်းလားဆို arloမျက်နှာတစ်ခြမ်းလုံးနီရဲ တက်လာသည်အထိ။
ဒီအဖြစ်အပျက်ကို မြင်လိုက်ရသူမှန်သမျှမှာ အံ့ဩထိတ်လန့်ကုန်သည်။ ဥက္ကဋ္ဌဆိုသူက arloကိုရိုက်တာနဲ့ မပြီးသေး မတ်တပ်ရပ်နေတဲ့သူတွေဆီကိုပါ တုတ်နဲ့ရိုက်ပြန်သည်။ တစ်ယောက်မှ အသံတစ်စက်မထွက်ရဲ။
YOU ARE READING
Destiné
Action⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဇာတ်ကွက်များ ၊ ညစ်ညမ်းသောအသုံးအနှုန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သူများမဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️trigg...