sorelသူ့ဂိုဏ်းကလူတွေကိုပါ ဖြန့်ပြီးလက်နက်တွေကိုတိတ်တဆိတ်လိုက်ရှာခိုင်းတော့သည်။ လူသေဆုံးမှုတွေပါဖြစ်သွားတာကြောင့် ဒယ်ဒီကိုယ်တိုင်ဌာနဆိုင်ရာအကြီးအကဲတွေနှင့် တွေ့ဆုံဆွေးနွေးရသည်။
ဓားပြတိုက်မှုကနေ လက်နက်အနည်းအကျဉ်းပြန်ရခဲ့ပေမဲ့ စိတ်ချလို့ရသည့်အခြေအနေမဟုတ်ပေ။ လက်နက်လုသွားသည့်ဂိုဏ်းအကြောင်းကို စုံစမ်းလိုက်ချိန်မှာ သိခဲ့ရတာက အလယ်အလတ်တန်းစားဂိုဏ်းတစ်ခုဖြစ်ပြီး မူးယစ်ဆေးရောင်းဝယ်ရာမှာ သတင်းပေးကြောင့်ဖမ်းမိသွားခြင်းဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်ပါသွားတာကြောင့် ဘယ်နည်းနဲ့မဆို မရရအောင်ကယ်ထုတ်မှာသေချာသည်။ ဒါပေမဲ့ သူတို့ဂိုဏ်းကပစ္စည်းတွေကို ရဲကအကုန်သိမ်းသွားတာကြောင့် ဘာမှလှုပ်ရှားမရဘဲဖြစ်နေချိန် sorel၏လက်နက်ကားဖြတ်မည့်လမ်းကြောင်းပေါက်ကြားသွားပြီး အလစ်တိုက်ခိုက်ခံရကာ လက်နက်များအလုခံရခြင်းဖြစ်သည်။
ဒီပုံအတိုင်းဆို ဌာနဘက်အခြမ်းမှာသူလျိုရှိနေတာသေချာသည်။ ထောင်ကားနှင့်တရားခံကိုရုံးထုတ်မည့်လမ်းကြောင်းအား ရှာဖွေကြည့်လိုက်သည်။ ဖြတ်သွားနိုင်မည့်လမ်းတိုင်းမှာ အစောင့်နည်းနည်းစီချထားမည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကို အမြန်ဆုံးပေါင်းစည်းနိုင်လောက်သည့် အကွာအဝေးအတိုင်းသာထားမည်။
sorelသူ့ဂိုဏ်းကလူတွေနှင့်သာ အစီအစဉ်အသေးစိတ်ချလိုက်သည်။ ဌာနဆိုင်ရာစောက်တတ်ကြီးတွေကို ပြောပြမနေတော့။
"boss ထောင်ကားသွားမဲ့လမ်းကြောင်းနဲ့ အဝေးပြေးလမ်းမကြီးက သိပ်မဝေးဘူး"
ramsayသတိပေးမှ sorelမြေပုံကိုပြန်ကြည့်မိသည်။
"ဟုတ်သားပဲ။ ဒီပုံအတိုင်းဆို အဲ့ကောင်တွေအဝေးပြေးလမ်းကလည်း ပြေးနိုင်တာပဲ။ အဝေးပြေးလမ်းပေါ်မှာ ငါတို့အင်အားများများချထားလိုက်မယ်။ kimကဒီမြေပုံရဲ့အချက်အချာကြတဲ့နေရာမှာ ကားတစ်စီးနဲ့စောင့်ပြီး droneနဲ့မြေပြင်အခြေအနေကို စက္ကန့်မလပ်သတင်းပို့ပေး"
"ဟုတ်ကဲ့ boss"
kimလေးကိုမြေအောက်black marketကနေဝယ်လာပြီး ကျောင်းထားပေးကာ သူဝါသနာပါတာတွေကို sorelကအကုန်ဖြည့်ဆည်းပေးခဲ့သည်။ black marketမှာဒီကောင်လေးကို စတွေ့လိုက်ထဲက သူငယ်ငယ်ကပုံစံလေးနှင့်သွားတူတာကြောင့် သူ့လိုလမ်းမှားမရောက်ရအောင် သေချာပြုစုပျိုးထောင်ပေးခဲ့သည်။
YOU ARE READING
Destiné
Action⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဇာတ်ကွက်များ ၊ ညစ်ညမ်းသောအသုံးအနှုန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သူများမဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️trigg...