Ep (26)

7K 656 28
                                    

သေမလိုဖြစ်ခဲ့သည့်အခြေအနေကနေ အသည်းအသန်ကယ်ပေးခဲ့ရတာကိုမှအားမနာ သတိရရခြင်းပင်sorelပါးစပ်က ပြောထွက်လာသည့်စကားက ဘာတစ်ခုမှစောက်ချိုးမပြေတဲ့အဘိုးကြီးအတွက် သေရလည်းတန်တယ်တဲ့လေ။ dimမှာဒေါသထွက်ချင်ပေမဲ့ မထွက်ရက်ခဲ့ဘူး။

သူ့မျက်စိရှေ့မှာရှိနေသည့် ဖြူဖျော့သောခန္ဓာကိုယ်ပိုင်ရှင်လေးက အရွယ်နဲ့မမျှသည့်လောကဓံ၏ဖိနှိပ်မှုကို အကြိမ်ကြိမ်ခံခဲ့ရပေမဲ့ ပြိုလဲသွားခြင်းမရှိ။ တွေ့ကြုံရသမျှပြဿနာတိုင်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး ဘယ်သူ့ဆီကမှအကူအညီမတောင်းဘဲ ကျိတ်မှိတ်ဖြေရှင်းခဲ့သည်ချည်းသာ။

ပထမဆုံးနှင့်နောက်ဆုံးအကြိမ်အဖြစ် သူ့ဆီကအကူအညီတောင်းခဲ့ပေမဲ့ မကူညီနိုင်ခဲ့တာကိုတွေးမိတိုင်း dimနောင်တရလို့မဆုံး။ ထိုအကူအညီတောင်းခံမှုက sorel၏ဘဝတစ်ခုလုံးစာပြောင်းလဲသွားမယ်မှန်းသိရင် dimအနေနဲ့ကူညီမိခဲ့မှာ သေချာသည်။ အဖြစ်မှန်တွေကိုပြောပြခဲ့ချိန်မှာလည်း dimအတွက် ကိုယ့်လိပ်ပြာပင်ကိုယ်မလုံသည်အထိခံစားခဲ့ရသည်။

အခုလည်းဒီအဘိုးကြီးဆီက ဂရုစိုက်မှုကိုရမယ်ဆို အသက်နဲ့အလဲအထပ်လုပ်ဖို့ ရူးရူးမိုက်မိုက်တွေးနေသည့်သူငယ်ချင်းဖြစ်သူကို နားချမှရတော့မည်။ ငယ်ငယ်ကမှားခဲ့ဖူးသည့်အမှားမျိုး dimနောက်ထပ်မှားခွင့်မပေးနိုင်ပါ။

"sorel မင်းရုန်းထွက်နိုင်အောင် ကြိုးစားကြည့်ပါ့မယ်ဆိုတာထက် တကယ်ရုန်းထွက်သင့်နေပြီ။ သူမင်းအပေါ်ခဏခဏလိမ်ခဲ့တယ်ဆိုတာလည်း မင်းမသိတာမဟုတ်ဘူး။ သူငယ်ချင်းရာ မင်းထပ်ပြီးတော့ ရူးမိုက်မနေပါနဲ့တော့"

sorelဖျော့တော့စွာပြုံးရင်း

"သူငါ့ကိုလိမ်နေတာ ငါမသိဘူးများထင်နေတာလား။ ငါအကုန်သိတယ်။ သူငါ့ကိုမွေးစားတဲ့အချိန်ကနေ ခုချိန်ထိ အလိမ်အညာစကားတွေဘဲပြောခဲ့တာ"

"ဒါကိုသိလျက်နဲ့မိုက်တာ ဒီကမ္ဘာမှာမင်းတစ်ယောက်ဘဲရှိတယ်"

"အင်းပေါ့ မင်းအမြင်မှာတော့ ငါ့ကိုမိုက်တယ်လို့ပဲထင်နေမှာဘဲလေ။ ဒါပေမဲ့ သူငါ့ကိုဒီအသက်အရွယ်ထိ ပြုစုပျိုးထောင်ပေးခဲ့တာ။ အမှန်အတိုင်းပြောရရင် ငါ့ဘေးမှာသူတစ်ယောက်ပဲရှိခဲ့တာ။ သူကငါ့အတွက်မှီခိုရာလည်းဟုတ်တယ် တွယ်တာရာလည်းဟုတ်တယ် ငါ့မိသားစုဆိုလည်းဟုတ်တယ်။ အဲ့တော့ ငါသူ့ဆီကရုန်းထွက်နိုင်မယ်လို့ မင်းထင်နေတာလား"

DestinéWhere stories live. Discover now