Ep (34)

5.7K 694 63
                                    

Sir Hugo၏ကောင်လေးbobbyရဲ့မွေးနေ့ ကျင်းပခါနီးမှာ Mr.Dylanဘက်က arloကိုထပ်ဆက်သွယ်လာခဲ့သည်။ တစ်ချိန်ကကျေးဇူးရှိခဲ့ဖူးသူဖြစ်တာကြောင့် မသိချင်ယောင်ဆောင်လို့လည်းမရ။ မတတ်နိုင်သည့်အဆုံး arloသွားတွေ့ရသည်။

arloအနေနဲ့ Mr.Dylanကို အဆက်အသွယ်မလုပ်ချင်တော့ပါ။ ပထမဆုံးအကြိမ်အဖြစ် bossကိုသတ်ဖို့စေခိုင်းခံခဲ့ရသည်။ ထိုအမိန့်ကိုတွေဝေခြင်းမရှိဘဲ နာခံမိခဲ့တာကို တွေးမိတိုင်း arloနောင်တရမိသည်။

အဲ့ဒီ့နေ့က သူbossကိုသတ်ဖို့အတွက် bossအခန်းထဲကို တိတ်တဆိတ်ဝင်ပြီး အခွင့်ကောင်းကိုစောင့်ကာ မှောင်ရိပ်ခိုနေခဲ့သည်။ ကံမကောင်းစွာပင် သူ့နောက်ကိုbossဘာစိတ်ကူးပေါက်ပြီး ခေါ်ထားမှန်းမသိတဲ့ramsayဆိုတဲ့ကောင်က လိုက်လာခဲ့တာကြောင့် အစီအစဉ်လွဲသွားခဲ့သည်။ ကြောင်တောင်တောင်ကောင်နဲ့ သတ်ပုတ်လိုက်ရလိုက်ရလို့ ဒဏ်ရာလည်းရခဲ့သည်။

နောက်နေ့မှာ bossအချစ်တော်gilရဲ့ ဖော်ထုတ်မှုကြောင့် bossကိုလုပ်ကြံသူက သူဆိုတာပေါ်တော့မလို ဖြစ်လိုက်သေးသည်။ bossကပါးနပ်သူတစ်ယောက် အရိပ်သေးသေးလေးပြတာနဲ့ ဘာဆိုတာတန်းသိသူတစ်ယောက်အနေနှင့် arloလက်ကဒဏ်ရာမြင်တာနဲ့ အထာပေါက်မှာသေချာသည်။

ဒါပေမဲ့ ဒီနေ့ဒီအချိန်ထိ bossဘက်က သူ့ကိုအဲ့ကိစ္စနဲ့ပတ်သက်ပြီး တစ်ခွန်းမှမမေးခဲ့သည့်အပြင် အရင်လိုပဲသူ့အပေါ်မှာ ယုံကြည်ပေးခဲ့သည်။ bossကသူ့အပေါ်ပိုပြီးယုံကြည်လေ arloကိုယ့်လိပ်ပြာကိုယ်မလုံလေ ဖြစ်လာရသည်။ သေချာပြန်စဉ်းစားကြည့်ရင် Mr.Dylanထက်bossအပေါ်မှာ ကျေးဇူးပိုရှိခဲ့သည်မဟုတ်လား။

arloမွေးကင်းစအရွယ်ထဲက မိဘစွန့်ပစ်တာခံခဲ့ရပြီး လမ်းဘေးမှာကြီးပြင်ခဲ့ရသူတစ်ယောက်ဖြစ်သည်။ လမ်းဘေးနေသူတစ်ယောက်အဖို့ အစာအငတ်မခံရအောင် တောင်းစားရသလို အမှိုက်ပုံထဲကနေအကြွင်းအကျန်တွေ ရှာဖွေစားသောက်ရတာလည်းရှိသည်။ တစ်နေကုန်စားစရာရှာမရခဲ့ရင် ခိုးပြီး၊လုယက်ပြီးစားရသည်။ အဲ့လိုလုယက်ခိုးစားလို့ ဆိုင်ရှင်တွေဆီမှာအဖမ်းခံရလျှင်လည်း သေအောင်ရိုက်နှက်ခံရသည်။

DestinéWhere stories live. Discover now