Ep (61)

5.7K 664 66
                                    

sorelတစ်ယောက်မြင်းစီးဖို့ကြိုးစားခဲ့ပေမဲ့ မြင်းရိုင်းတစ်ကောင်နှင့်တွေ့သွားတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးညောင်းကိုက်နေပြီး အီစိမ့်အောင်ခံနေရသည်။ သို့ပါသော်လည်း ညပိုင်းမှာလုပ်စရာအစီအစဉ်တွေရှိသေးတာကြောင့် အိပ်ရာထဲကအတင်းကုန်းရုန်းထရတော့သည်။

အိပ်ရာပေါ်ကထလိုက်သည်နှင့် ခြေမခိုင်သလိုဖြစ်ပြီး လဲကျမလိုဖြစ်သွားသည့်ခန္ဓာကိုယ်လေးကို ramsayကအမြန်ဝင်ထိန်းရင်း စွေ့ခနဲပွေ့ချီလိုက်သည်။

"bossကို ကျွန်တော်သန့်ရှင်းရေးလုပ်ပေးမယ်"

"ယုယနေဖို့အချိန်မရှိဘူး။ ငါ့မှာလုပ်စရာတွေအများကြီးကျန်သေးတယ်။ အောက်ချလိုက် ငါ့ဘာသာသွားမယ်"

"ဒီလိုပုံစံနဲ့ ဘယ်လိုသွားမှာလဲbossရာ ကျွန်တော့်စကားကိုနည်းနည်းလောက်ဖြစ်ဖြစ် နားထောင်ပေးလို့မရဘူးလား"

သိပ်ကိုခေါင်းမာလွန်းသည့်bossကို ramsayစိုက်ကြည့်မိလိုက်သည်။ ဒါပေမဲ့ မထင်မှတ်ထားသည့်အဖြေကြောင့် ramsayနှလုံးသားတစ်ခုလုံးစူးအောင့်နာကျင်သွားရသည်။

sorelမဲ့ပြုံးလေးတစ်ချက်ပြုံးရင်း

"ငါဒီလိုပုံစံတွေနဲ့ ကျင့်သားရနေခဲ့တာကြာပြီ။ နာကျင်မှန်းသိပေမဲ့ ကျိတ်မှိတ်သည်းခံပြီး အမိန့်တွေနာခံခဲ့ရတာဆိုတော့ ခုဆိုနာကျင်မှုကဘာမှန်းမသိတော့သလိုပါပဲ"

ရေနွေးရောစပ်ပေးထားသည့်ရေချိုးကန်ထဲ bossကိုဖြည်းညင်းစွာချလိုက်ပြီး ramsay၏လက်ကြမ်းကြီးတွေနှင့် bossမျက်နှာနုနုလေးကို ကိုင်လိုက်ကာအကြည့်ချင်းဆုံလိုက်သည်။

"bossနားမှာကျွန်တော်ရှိနေသ၍ နွေးထွေးယုယမှုတွေကိုပဲအမြဲခံစားပေးပါ။ ဒီလိုမျိုးခံစားသွားနိုင်အောင်လို့လည်း ကျွန်တော်ကအတတ်နိုင်ဆုံးကြိုးစားသွားမှာ။ နာကျင်နေရင် နာကျင်နေတယ်လို့ထုတ်မပြောချင်ရင်တောင် အမူအရာလေးတော့ပြပေးပါ။ ကျွန်တော်ကbossအတွက်ဆို မြင်နိုင်စွမ်းအားမြင့်တဲ့သူမလို့လေ"

ramsay၏အဓိပ္ပာယ်တွေအများကြီးပါဝင်နေသည့်အကြည့်တွေနှင့် စကားတွေက sorelနှလုံးသားလေးကိုအမှန်တကယ်နွေးထွေးသွားစေခဲ့သည်။ နှုတ်ကနေဖွင့်ပြောပြီး ကတိမပေးခဲ့ပေမဲ့ အကြည့်တွေနှင့်တော့ ကတိပေးခဲ့မိသည်။ ramsayမြင်နိုင်လိမ့်မယ်လို့ ထင်တာပဲ။

DestinéWhere stories live. Discover now