မနက်စာအတွက်ပြင်ဆင်ရင်း နို့ဘူးသုံးဘူးကို ပိုးသတ်ဖို့အတွက် ရေနွေးထဲထည့်ထားသည်မှာ အချိန်ပြည့်သွားပြီဖြစ်သည့်အတွက် ညှပ်လေးဖြင့်ယူကာ အပြင်သို့ဆယ်လိုက်သည်။ နို့ဘူးလေးတွေအအေးခံထားရင်း မီးကင်စက်ထဲမှပေါင်မုန့်တွေလည်း အဆင်သင့်ဖြစ်နေလေပြီ။ ပေါင်မုန့်တွေကို ပန်းကန်လေးချပ်ပေါ်တင်ပြီး စားပွဲပေါ် အစီအရီခင်းကျင်းလိုက်လေသည်။
အေးသွားပြီဖြစ်သည့်နို့ဘူးလေးတွေထဲကို နို့မှုန့်ထည့်ပြီး ရေနွေးဖြင့်ဖျော်ထားလိုက်လေသည်။ အကုန်အဆင်သင့်ဖြစ်ပြီဆိုတာနှင့် အခန်းထဲမှ အားပါတရအိပ်မောကျနေသည့် သားအဖလေးယောက်ကိုသွားနှိုးရသည်။ အဖေဖြစ်သူ၏ရင်ဘတ်ပေါ်မှောက်လျက်အိပ်ပျော်နေသည့် nanလေးကချစ်ဖို့ကောင်းလွန်းလှသည်။
ညက ကလေးတွေဂျီကျလို့ချော့နေရတာကြောင့် နောက်ကျမှအိပ်ရာဝင်ခဲ့ရသည့်ချစ်ရသူ၏ပါးနှင့်နှုတ်ခမ်းကို အနမ်းခြွေရင်း
"morning darling သားနဲ့သမီးကိုခေါ်ခဲ့နော်"
နှုတ်ဆက်အနမ်းပေးပြီး ရင်ဘတ်ပေါ်မှာအိပ်ပျော်နေသည့် သားဖြစ်သူကိုပွေ့ချီထွက်သွားသည့်ချစ်ရသူ၏လက်လေးကိုလှမ်းဆွဲရင်း
"ကိုယ့်ကိုခုနက တစ်မျိုးခေါ်လိုက်သလိုပဲ။ ဘယ်လိုခေါ်လိုက်တာလဲ"
ramsayအိပ်ချင်မူးတူးဖြင့်ကုတင်ပေါ်မှထထိုင်ပြီး ဘေးမှာမတ်တတ်ရပ်နေသည့်sorelခါးကို လှမ်းဖက်ရင်းမေးလိုက်ခြင်းဖြစ်သည်။
"ဘယ်လိုခေါ်လို့လဲ ramsayလို့ခေါ်လိုက်တာပါ။ အိပ်ချင်မူးတူးနဲ့ကြားချင်ရာကြားနေတာမလား။ ထတော့ သားနဲ့သမီးကိုသန့်ရှင်းရေးလုပ်ပေးဖို့ခေါ်လာခဲ့။ ဒီနေ့အလုပ်ကိစ္စချိန်းထားတာရှိတယ်မလား"
Apronလေးဝတ်ထားပြီး ramsayမျက်လုံးထဲချစ်စရာကောင်းနေသည့် sorelလေးကစကားတွေတစ်တွတ်တွတ်ပြောရင်း ရေချိုးခန်းထဲဝင်သွားလေသည်။ သားနှင့်သမီကိုပွေ့ချီပြီး sorelနောက်သို့လိုက်သွားလေသည်။
"သေချာပေါက် ကိုယ်နားကြားမမှားဘူးဆို babyကိုယ့်ကို darlingလို့ခေါ်လိုက်သလားပဲ"
أنت تقرأ
Destiné
حركة (أكشن)⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဇာတ်ကွက်များ ၊ ညစ်ညမ်းသောအသုံးအနှုန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သူများမဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️trigg...