တစ်ကြိမ်တစ်ခါမျှသာတွေ့ဆုံခဲ့ဖူးသည့်ကလေးလေးက သူမလေး၏သေဆုံးမှုအား sorelကိုအသိပေးဖို့မမေ့ခဲ့တာကြောင့် လေးစားသမှုနှင့် သူမလေးရှိရာအုတ်ဂူဆီ sorelရောက်အောင်သွားခဲ့သည်။ သိပ်ချစ်ဖို့ကောင်းသည့်ကလေးလေးက လူ့လောကကြီးကနေစောစောစီးစီးထွက်ခွာသွားရတာ နှမြောဖို့ကောင်းလွန်းသည်။
တွေ့ဆုံချိန်မှာနာမည်လေးသိခွင့်မရခဲ့ပေမဲ့ အုတ်ဂူလေးရှိရာဆီလာတော့မှ Lucyဆိုပြီးသူမ၏အမည်နာမလေးကို သိခဲ့ရသည်။ ပန်းစည်း၊အရုပ်နှင့် lollipopလေးတွေ ဂျယ်လီထုပ်လေးတွေကို အုတ်ဂူဘေးမှာချရင်း နှုတ်ဆက်စကားဆိုလိုက်သည်။ ရင်းနှီးကျွမ်းဝင်ခဲ့ခြင်းမရှိတာကြောင့် sorelအနေနှင့်စကားများများစားစား ပြောစရာမရှိပေ။ အုတ်ဂူနားခဏနေပြီး ပြန်လာခဲ့လိုက်သည်။
ထိုနေရာမှထွက်လာတည်းက bossဘာစကားမှမဆိုဘဲ တိတ်ဆိတ်နေသည်။ bossကramsayကားမောင်းခုံနောက်မှာထိုင်နေတာမဟုတ်သည့်အတွက် bossမျက်နှာအမူအရာကိုramsayမမြင်ရဘဲ ဖြစ်နေသည်။ ထို့ကြောင့်ကားနောက်ကြည့်မှန်ကို bossထိုင်နေသည့်နေရာလေးအား မြင်ရအောင် ချိန်လိုက်သည်။
"boss ခုနကလေးလေးကိုဘယ်လိုသိတာလဲ"
"တစ်ခါအပြင်မှာဆုံဖူးတယ်"
"တစ်ခါလေးပဲဆုံဖူးတာကို ခုမှဘာလို့စုံစမ်းရတာလဲboss။ စတွေ့တည်းကကျွန်တော့်ကိုစုံစမ်းခိုင်းတာ မဟုတ်ဘူး"
ramsayကိုပြန်ဖြေဖို့ အစပိုင်းမှာအနည်းငယ်တုံ့ဆိုင်းနေပေမဲ့ ညကမက်ခဲ့သည့်အိပ်မက်အကြောင်းကို sorelမှာမပြောဘဲနဲ့မနေနိုင်ဖြစ်နေရသည်။ မြိုသိပ်မထားနိုင်တော့တာကြောင့် မက်ခဲ့သည့်အိပ်မက်အကြောင်းတွေ တစ်လုံးမကျန်ramsayကို ပြောပြမိလိုက်သည်။ ပြောပြပြီးမှ သူဘယ်လောက်ထိမိုက်ရူးရဲဆန်သွားလည်းဆိုတာ အမှတ်ရသွားသည်။
ramsayမေးလာရင် မပြောဘဲမနေနိုင်ဖြစ်ရသည့်အဖြစ်ကို sorelစိတ်ထဲမကျေနပ်သလိုခံစားလာရသည်။ အမှန်ဆို သူကသာ ramsayအပေါ်ဩဇာညောင်းနေသင့်တာမဟုတ်လား။ ramsayစကားသံကြောင့် sorelမကျေမနပ်ဖြစ်နေရာမှ သတိကပ်သွားသည်။
"ဒါဆို အဲ့ကလေးမလေးက bossနဲ့အတူနေချင်တယ်ပြောတာပေါ့။ ဒါပေမဲ့သူကသေသွားပြီလေ။ bossကဘာလို့အိပ်မက်ထဲကအတိုင်း ငါးသုံးကောင်ကိုမွေးရတာလဲ။ အဲ့ငါးသုံးကောင်ကဘာမှန်းမသိဘဲနဲ့ကို အကယ်၍ အဲ့ငါးသုံး...."
YOU ARE READING
Destiné
Action⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဇာတ်ကွက်များ ၊ ညစ်ညမ်းသောအသုံးအနှုန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သူများမဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️trigg...