Ep (45)

5.6K 711 130
                                    

(⚠️🔞ဤအခန်းတွင် murder case၊ rape caseအသုံးအနှုန်းများပါဝင်သောကြောင့် အသက်ပြည့်ပြီးသူများသာဖတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ နောက်ပိုင်းအခန်းများတွင်လည်း ယခုလိုcaseများပါဝင်နိုင်ပါကြောင်းအသိပေးအပ်ပါသည်)

CSIဌာနနှင့်ပူးပေါင်းလုပ်ဆောင်လိုက်ထဲက sorelထိုအရာရှိမ၏ပုံစံကို အကဲခတ်မိပြီးသားဖြစ်သည်။ ဒီလောက်ထိမျက်နှာပြောင်တိုက်ပြီး သူ့လူကိုခေါ်ထုတ်သွားနိုင်သည်အထိ သတ္တိရှိလိမ့်မယ်လို့တော့ မထင်ထားခဲ့ပေ။ ထို့ကြောင့် သူမကိုသွားသတိပေးရခြင်းဖြစ်သည်။ အနည်းဆုံးတော့ သူမ ramsayကိုထပ်ထိရဲတော့မှာ မဟုတ်လောက်ပေ။

ကိုယ်ချစ်တဲ့သူကိုပိုင်ဆိုင်ရဖို့အတွက် ထိုသူ၏လျို့ဝှက်ချက်ကိုချနင်းလိုက်တာက ဘယ်လောက်အန္တရာယ်များပြီး အတ္တကြီးလိုက်သလဲ။ ramsayကလျို့ဝှက်အေးဂျင့်တစ်ယောက်ပါလို့ ထုတ်ပြောလိုက်ထဲက ramsayအတွက်အသက်အန္တရာယ်ရှိသွားပြီဆိုတာကို သူမမသိတာလား။ ဒါမှမဟုတ် ramsayကိုသက်သက်မဲ့ချောက်တွန်းတာလား။

လမ်းဘေးတစ်နေရာမှာ ဆိုင်ကယ်ကိုရပ်ပြီးဆေးလိပ်သောက်ကာ sorelအတွေးများနေမိခြင်းပင်။ လူတွေကအချစ်နဲ့တွေ့ရင် ရူးမိုက်တတ်ကြသလို အရမ်းလည်းအတ္တကြီးတတ်ကြသည်။ သူဒယ်ဒီ့ကိုချစ်မိသွားတုန်းကအကြောင်းတွေ ပြန်တွေးမိတော့ sorelနှုတ်ခမ်းပါးလေးက အလိုလိုကော့ညွတ်သွားရသည်။ သူလည်းတစ်ချိန်တစ်ခါက အချစ်ကိုရူးမိုက်ပြီးအတ္တကြီးခဲ့သေးတာပဲ။ ခုချိန်မှာထိုအကြောင်းတွေပြန်တွေးကြည့်တော့ ဟာသပြဇာတ်တစ်ပုဒ်လိုပင်။

သူလည်းအချစ်ခံဖူးချင်သည်။ ဂရုစိုက်ခံဖူးကြည့်ချင်သေးသည်။ သူ့ဘဝကိုက အစွန့်ပစ်ခံဘဝမလား။ ဘာတွေများမျှော်မှန်းလို့ရဦးမှာတဲ့လဲ။

တစ်ခါတလေbobbyကို သူအရမ်းအားကျမိသည်။ bobbyကိုဆိုဒယ်ဒီက လိုလေသေးမရှိဖြည့်ဆည်းပေးပြီး အရမ်းချစ်ပေးခဲ့တာမဟုတ်လား။ သူ့ကိုသတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တာကို ဒယ်ဒီသိသိလျက်နှင့်မသိချင်ယောင်ဆောင်ကာ ခွင့်လွှတ်ပေးနေတာကိုလည်း နည်းနည်းတော့ရင်နာမိသည်။

DestinéWhere stories live. Discover now