Ep (64)

6.5K 616 55
                                    

နှစ်ဦးသား၏ခံစားချက်တွေ အသွေးအသားတွေပါ ထပ်တူကျပြီး ကြည်နူးနေရာမှ bossပြောလာသည့်စကားတွေကြောင့် ramsayမှာနှလုံးသားတစ်ခုလုံးနင်းခြေခံလိုက်ရသလို ခံစားလိုက်ရသည်။ ဖွင့်မပြောဘဲ မြိုသိပ်ထားဖို့ကြိုးစားခဲ့ပေမဲ့ သူ့ရှေ့မှလူသားလေးက အရာရာကိုသူတစ်ယောက်တည်းခါးစည်းခံဖို့လုပ်နေလေသည်။

bossကအရမ်းခေါင်းမာပြီး ဉာဏ်ကောင်းလွန်းသည်။ ramsayမှာတော့ bossကိုကာကွယ်ရင်းနှစ်ဦးသား စိတ်တူကိုယ်တူဖြင့် လက်စားချေခြင်းအလုပ်ကို အတွဲညီညီလှုပ်ရှားခဲ့သည်။ သူ့ကိုယ်သူအေးဂျင့်ဆိုသည့်ရာထူးဂုဏ်ပုဒ်တွေကို မေ့ထားပြီး bossဖြစ်စေချင်သည့်အတိုင်း မဖြစ်ဖြစ်အောင်လုပ်ပေးခဲ့သည်။ အခုလိုသူဖြည့်ဆည်းပေးခဲ့တာတွေက နောင်တစ်ချိန်မှာbossအမှုအတွက် မျက်မြင်သက်သေဖြစ်ပေးဖို့အတွက်တဲ့လား။

"ကျွန်တော့်ကိုအရူးအမူးစွဲလမ်းသွားအောင် ဆွဲဆောင်ပြီးမှ ကျွန်တော့်ကိုတစ်ချက်လေးတောင်မတိုင်ပင်ဘဲ ဘာလို့ခုလိုဆုံးဖြတ်ချက်ချလိုက်တာလဲ။ ကျွန်တော်...ကျွန်တော်bossကို အရမ်းချစ်နေပြီလေ။ bossအနားမှာမရှိဘဲ ကျွန်တော်နေနိုင်မယ်ထင်နေတာလား"

ယောကျာ်းကြီးတန်မဲ့ မျက်ရည်တွေကျနေမိတဲ့ramsayကို sorelကခပ်ဖွဖွလေး ပြုံးပြလိုက်သည်။ ramsayမျက်နှာပေါ်​က မျက်ရည်တွေကိုလည်းအနမ်းတွေနှင့် လိုက်သုတ်ပေးရင်း

"ငါကမင်းအချစ်တွေနဲ့ မထိုက်တန်ဘူးramsay။ ငါကတန်ဖိုးမရှိတော့တဲ့လူသားတစ်ယောက်ဖြစ်နေပြီ။ ဒီကိစ္စတွေပြီးပြတ်သွားရင် ငါတို့နှစ်ယောက်မတူညီတဲ့လမ်းကိုလျှောက်ရတော့မှာ ဘဝသစ်မှာအချစ်စစ်တွေ့နိုင်ပါစေလို့ ငါစိတ်ရင်းနဲ့ဆုတောင်းပေးတယ်"

ramsayကသူ့ရှေ့မှာ ချစ်သည့်အကြောင်းတွေဖွင့်ပြောလာလိမ့်မည်ဟု မထင်ထားခဲ့တာကြောင့် ကြားကြားချင်းမှာ sorelမယုံနိုင်ခဲ့ပေ။ သို့ပေမဲ့ ramsayအချစ်တွေနှင့် သူကထိုက်တန်သူမဟုတ်ခဲ့ပေ။ ရိုးသားဖြူစင်သည့်ramsayလိုလူတစ်ယောက်ကို အသုံးချဖို့အတွက် မရိုးသားသည့်နည်းတွေသုံးကာ သူမြူဆွယ်မိခဲ့သည်။

ramsay၏ပထမဆုံးဆိုသည့်အရာအားလုံးကို သူတစ်ယောက်တည်းကပဲ တစ်ကိုယ်ကောင်းဆန်ဆန်သိမ်းပိုက်မိခဲ့သည်မဟုတ်လား။ ramsayနှင့်အတူရှိနေချိန်ဆို သူစိတ်လုံခြုံသည်ဟု အမြဲခံစားရသည်။ ramsayသာ သူ့အနားရှိနေလျှင် အိပ်ဆေးမလိုဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည်။

DestinéWhere stories live. Discover now