ကိုယ်ဝန်ဆောင်လေးကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့အတွက် ခြံထဲမှအရိပ်အာဝါသကောင်းသည့် အပင်ကြီးအောက်ဝယ် အမျိုးသား၅ယောက်အတူရပ်နေကြသည်။ ထိုအမျိုးသား၅ယောက်ထဲမှ ၂ယောက်ကစိတ်လက်မအီမသာဖြင့် ညည်းညူနေကြသည်။
"ဒေါက်တာရေ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းက ဘာလို့ကျွန်တော်တို့ပါဝင်လုပ်နေရတာလဲ။ ကျွန်တော်တို့က ကိုယ်ဝန်ဆောင်မဟုတ်ဘူးလေဗျာ"
အရှေ့မှဦးဆောင်ပြီးလေ့ကျင့်ခန်းလုပ်ပြနေသည့်dimကို arloကလှမ်းအော်မေးလိုက်ခြင်းဖြစ်သည်။ kimကလည်းစိတ်မရှည်စွာဖြင့် arloစကားကိုဝင်ထောက်ခံသည်။
"bossဗိုက်ကြီးတာလေ ကျွန်တော်တို့ကြီးတာမဟုတ်ဘူး။ လုပ်ချင်လုပ် သူပဲလုပ်သင့်တာမလား။ ဒါမှမဟုတ်လည်း သူ့ကိုဗိုက်ကြီးအောင်လုပ်တဲ့ramsayကိုပဲ လုပ်ခိုင်းသင့်တာလေ"
ပွစိပွစိနှင့်နားငြီးအောင် ညည်းညူနေသူနှစ်ယောက်ကို လေ့ကျင့်ခန်းလိုက်လုပ်နေရာမှ စိတ်မရှည်စွာဖြင့်sorelက တစ်ယောက်တစ်ချက်ပိတ်ကန်ပစ်လိုက်လေသည်။
"ငါနဲ့အတူနေရင် ငါလုပ်သလိုလိုက်လုပ် မလုပ်ရင်မင်းတို့ကိုကိုင်ပေါက်ပစ်မှာ"
တဖြည်းဖြည်းနှင့်ပူဖောင်းလာသည့်ဗိုက်ကလေးက ပေါ့ပါးစွာလှုပ်ရှားနေနိုင်ဆဲပင်။ အိမ်ရှိသမျှလူကိုလည်းမနားမနေ အလုပ်တွေခိုင်းပြီး အနိုင်ကျင့်ဗိုလ်ကျသေးသည်။
"မလုပ်နိုင်တော့ဘူးဗျာ။ bossကိုဗိုက်ကြီးအောင်လုပ်တုန်းက ramsayတစ်ယောက်တည်းလေ ကျွန်တော်တို့မှမပါတာ။ အဲ့တော့ဒီလေ့ကျင့်ခန်းလည်း ကျွန်တော်တို့နဲ့မဆိုင်ဘူး"
arloကစိတ်တိုတိုဖြင့်ပြောဆိုပြီး အိမ်ထဲဝင်ဖို့လုပ်လေသည်။ arloနောက်သို့kimလည်းလိုက်သွားပြီး အိမ်ထဲဝင်သွားကြလေသည်။ sorelလေးမှာလေ့ကျင့်ခန်းလုပ်နေရင်း မျက်နှာလေးညှိုးငယ်လာသည်။
"baby ကိုယ်ရှိသေးတယ်လေ။ ကိုယ်နဲ့အတူလုပ်ကြမယ်နော်"
sorelဘာမှပြန်မပြောတော့ဘဲ လေ့ကျင့်ခန်းသာဆက်လုပ်နေသည်။ လေ့ကျင့်ခန်းပြီးသွားတော့ sorelလေးရေချိုးဖို့အတွက် ramsayကရေချိုးကန်ထဲရေနွေးစပ်ပေးလေသည်။ ရေချိုးဖို့အသင့်ဖြစ်တော့မှ sorelလေးကိုခေါ်ဖို့ပြင်လိုက်သည်။ အခန်းထဲကြည့်တော့လည်း sorelကိုရှာမတွေ့ တစ်အိမ်လုံးနေရာအနှံ့ရှာပေမဲ့ မတွေ့တာကြောင့်
YOU ARE READING
Destiné
Action⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဇာတ်ကွက်များ ၊ ညစ်ညမ်းသောအသုံးအနှုန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သူများမဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️trigg...