Ep (21)

8.5K 778 41
                                    

အတိတ်တွေဆီကို ပျံ့လွင့်သွားသည့်အတွေးအချို့က ramsayလှုပ်နှိုးလိုက်မှ sorelအသိပြန်ဝင်လာခဲ့သည်။

"Boss boss ကျွန်တော်တို့ရောက်ပြီ"

စိမ်းစိုနေသည့် ပန်းပင်တွေအလယ် အဖြူရောင်သစ်သားအိမ်ငယ်လေးတစ်လုံးက အေးချမ်းစွာတည်ရှိနေသည်။ ထိုအိမ်ငယ်လေးကိုမြင်လိုက်ရသည်နှင့် sorel၏နောက်ကျိနေသည့်စိတ်အစဉ်တို့မှာ အနည်းငယ်ငြိမ်သက်စပြုလာသည်။

တံခါးဖွင့်လိုက်သည်နှင့် နှာခေါင်းထဲတိုးဝင်လာသည့် စူးရှရှအနံ့တို့က sorel၏ကမ္ဘာငယ်လေးသို့ ရောက်ရှိခြင်း သင်္ကေတတစ်ခုပင်။ ဒီအိမ်ကို နောက်ဆုံးအကြိမ်အဖြစ် ဘယ်နေ့ကရောက်ခဲ့သလဲဆိုတာ sorelမမှတ်မိတော့။

​ရှုပ်ပွနေသည့် ကြမ်းပြင်ပေါ် ခြေချရင်းဘယ်နားပစ်ထားမိမှန်းမသိသော ပစ္စည်းတွေကို စမ်းတဝါးဝါးလိုက်ရှာနေမိသည်။ ပစ္စည်းတွေလိုက်ရှာလို့အပြီးမှာ ဘုတ်ပြားတစ်ခုပေါ် အရောင်စုံဆေးတောင့်တွေကို ညှစ်၍ရောစပ်နေပြန်သည်။ ပုံဆွဲဖို့ရန် အသင့်ထောင်ထားသည့်ကားချပ်အပေါ် လက်တင်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို sorelမေ့သွားခဲ့ပြီ။

​ရှုပ်ပွနေသည့် ကြမ်းပြင်ပေါ် ခြေချရင်းဘယ်နားပစ်ထားမိမှန်းမသိသော ပစ္စည်းတွေကို စမ်းတဝါးဝါးလိုက်ရှာနေမိသည်။ ပစ္စည်းတွေလိုက်ရှာလို့အပြီးမှာ ဘုတ်ပြားတစ်ခုပေါ် အရောင်စုံဆေးတောင့်တွေကို ညှစ်၍ရောစပ်နေပြန်သည်။ ပုံဆွဲဖို့ရန် အသင့်ထောင်ထားသည့်ကားချပ်အပေါ် လ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

bossရောက်ထဲကပန်းချီထိုင်ဆွဲနေသည်မှာ ramsayကိုပင်ရှိတယ်ဟု မသတ်မှတ်လေသလား။ တစ်ချက်လှည့်ကြည့်ဖို့မပြောနှင့် ပတ်ဝန်းကျင်ကိုပင် မျက်စိမကစားတော့သောbossပါပဲ။ ပန်းချီအကြောင်းနားမလည်သူအဖို့ boss၏စုတ်ချက်တွေကိုလဲ တစ်ခုမှနားမလည်။

ယခုဆွဲနေသည့်ပုံမှာလဲ ပိတ်ကား၏တစ်ဝက်လောက်ရောက်နေသော်လည်း အရောင်ရောစပ်မှုနှင့် မိမိ၏မျက်စိထဲ ပုံသဏ္ဌာန်မဖော်နိုင်မှုတို့ကြောင့် အဖြူရောင်ပိတ်စပေါ် ဆေးပုံးတွေပက်ထားသကဲ့သို့မြင်နေမိသည့်ramsay။ ထိုင်ကြည့်နေလဲ ဘာမှမထူးတာကြောင့် ရှုပ်ပွနေသည်များကို ရှင်းလင်းပေးဖို့သာ ပြင်လိုက်တော့သည်။

DestinéWhere stories live. Discover now