Ep (38)

5.5K 664 39
                                    

ramsayကိုပြင်သစ်သွားဖို့ကိစ္စ စေခိုင်းလို့အပြီးမှာ sorelဆီသို့ဖုန်းဝင်လာသည်။ ဖုန်းခေါ်ဆိုသူမှာ Jackဖြစ်ပြီး ဖုန်းကိုင်လိုက်ချိန်မှာ တစ်ဖက်မှထိတ်လန့်တုန်လှုပ်နေသည့်အသံကို ကြားလိုက်ရသည်။

"boss..... bossလေး arlo.. ကျွန်တော့်arlo..."

"Jack ခင်ဗျားဘာဖြစ်နေတာလဲ arloဘာဖြစ်လို့လဲ"

"arloကားပေါက်ကွဲသွားလို့..."

"shit ခင်ဗျားသေချာလို့လား။ မဟုတ်ဘဲနဲ့လျှောက်မပြောနဲ့နော်"

"ကျွန်တော့်မျက်စိရှေ့တင် ဖြစ်သွားတာ။ arloကိုကယ်လို့ရဦးမလား ကျွန်တော်သွားကြည့်လိုက်ဦးမယ်"

"ဟေ့ ခင်ဗျားရူးနေပြီလား ပေါက်ကွဲထားတာကို ခင်ဗျားသွားရင်သေသွားမှာပေါ့။ ခင်ဗျားအဲ့နားကနေတစ်ဖဝါးမှ မခွါနဲ့ ကျွန်တော်လာခဲ့မယ်"

Jackနောက်ကို sorelနဲ့ramsayအမြန်လိုက်ရသည်။ သူတို့နှစ်ယောက်ရောက်သွားချိန်မှာ လမ်းမပေါ်အရုပ်ကြိုးပြတ်သလို ထိုင်နေသည့်Jackကိုမြင်လိုက်ရပြီး အရှိန်တဟုန်းဟုန်းနှင့်တောက်လောင်နေသည့် arloကားကိုပါမြင်လိုက်ရသည်။

လောင်မြိုက်နေသည့်ကားကိုကြည့်ကာ sorelမျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်မိသည်။

"Jack ဒါarloကားမဟုတ်ဘူး။ arloနဲ့တူတဲ့ကားပါ သူ့ကားမဟုတ်ဘူး။ ကျွန်တော်သိတယ် ကျွန်တော့်တပည့်ကပါးနပ်ပြီးဖြတ်ထိုးဉာဏ်ကောင်းတာ ဒီလိုသေစရာအကြောင်းအရင်းလည်းမရှိဘူး"

Jack bossလေးကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ပါးစပ်ကနေသာမဟုတ်ဘူးငြင်းနေတာ bossရဲ့မျက်နှာလေးမှာသွေးရောင်ပင်မရှိတော့အောင် ဖြူစုတ်နေပြီဖြစ်သည်။ မီးသတ်သမားတွေ ကားကိုမီးငြိမ်းပြီးချိန်မှာ မှုခင်းအရာရှိတွေက စစ်ဆေးမှတ်တမ်းတင်ပြီးသည်နှင့် sorelတို့နားလျှောက်လာသည်။

"ဒီကားပိုင်ရှင်ကခင်ဗျားတို့မိသားစုဝင် ဟုတ်မဟုတ် ကျွန်တော်တို့ရထားတဲ့ပစ္စည်းတွေနဲ့ စစ်ဆေးချင်လို့ပါ"

"ကားပုံစံချင်းတူနေလို့ရောက်လာတာ ကျွန်တော်တို့မိသားစုဝင်မဟုတ်လောက်ဘူးထင်တယ်"

DestinéWhere stories live. Discover now