Ep (37)

5.7K 686 38
                                    

ramsay၏ကျောပြင်ပေါ်ကအရက်ပြန်တွေကို အမြန်ထသုတ်ပေးသည့်Dim။ အမြန်သုတ်လိုက်တာကြောင့် အနာကိုအနည်းငယ်ပွတ်ဆွဲမိသလိုဖြစ်ပြီး ramsayဆီက ညည်းသံသဲ့သဲ့ထွက်လာသည်။ ဒါကိုဘေးကရပ်ကြည့်နေသည့်Kimက Dimလက်ကိုလှမ်းရိုက်ရင်း

"ဒီမှာဦးလေးကြီး ခင်ဗျားကဆေးကုနေတာလား။ လူသတ်နေတာလား။ဖယ် ကျွန်တော်လုပ်ပေးလိုက်မယ်။ ဘယ်လိုဆရာဝန်မှန်းလည်း မသိဘူး"

Dimထိုကောင်လေးကို ဘုကြည့်ကြည့်လိုက်သည်။ ဆေးပညာနယ်ပယ်မှာ လူတိုင်းဦးညွှတ်ခံရတဲ့သူက ဒီအိမ်ရောက်လာမှ ဆရာဝန်အတုလို့လည်းအပြောခံရ အော်ငေါက်လည်းခံနေရသည်။ မကျေနပ်သည့်စိတ်တွေနှင့် ထိုကောင်လေးဆေးထည့်နေတာကို ဘေးကရပ်ကြည့်နေလိုက်သည်။

ဒဏ်ရာကိုဖွဖွလေးဆေးထည့်ပေးနေသည့် ဖော့ဖယောင်းအသွင် လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေက Dimအကြည့်တွေကို ညှို့ယူဖမ်းစားသွားသည်။ ထို့နောက်ကောင်လေးရဲ့မျက်နှာကို တိတ်တဆိတ်ခိုးကြည့်လိုက်ပြန်သည်။ မျက်ရစ်မပါတဲ့မျက်ပေါက်ကျဉ်းကျဉ်းလေးပေါ် ရှည်လျားသည့်မျက်တောင်မွှေးလေးတွေက နေရာယူထားသည်။ နှာခေါင်းလုံးလုံးသေးသေးလေးနှင့် ချစ်စဖွယ်နှုတ်ခမ်းဖူးဖူးလေးကြောင့် Dimရင်ထဲတမျိုးတဖုံခံစားသွားရသည်။

"ကဲ ပြီးပြီ။ စိတ်ကောက်သွားတဲ့ ကျွန်တော်တို့Bossလေးကို သွားချော့လိုက်ပါဦး ဆရာသမား"

ဆေးထည့်ပြီးတာနှင့် Kimကမျက်လုံးတစ်ဖက်မှိတ်ပြကာ ramsayကိုbossဆီလွှတ်လိုက်သည်။ Kimမျက်လုံးမှိတ်ပြသည့်ပုံလေးကိုမြင်ပြီး Dimကောက်ချက်ချမိသည်က အာရှသားလေးတွေလည်း ချစ်ဖို့ကောင်းသားပဲ။

Bossကိုလိုက်ရှာလိုက်ချိန်မှာ ထမင်းစားခန်းထဲတွင် ဝိုင်သောက်နေသည်။ ကျွန်တော့်ကိုမြင်တော့ အကြည့်လွှဲသွားသည်။

"boss မနက်စာမစားရသေးဘဲ ဝိုင်မသောက်နဲ့လေ။ ကျွန်တော်မနက်စာပြင်ပေးမယ်"

ramsayကိုမကြည်ကြည့် ကြည့်ပြီး ဘေးနားကပန်းကန်ပြားထဲမှ ပေါင်မုန့်နဲ့ကြက်အူချောင်း၊ဝက်ပေါင်ခြောက်တွေ ပါးစပ်ထဲအတင်းထိုးသွင်းတော့သည်။

DestinéWhere stories live. Discover now